တရုတ်ပြည်မှ အမျိုးသမီးတစ်ဦးဟာ လွန်ခဲ့တဲ့ တစ်လလောက်က အထိ လုံးဝရေမကူးတတ်ပါဘူး။ ဒါပေမယ့် ယခုတော့ သူမဟာ ရေအောက်မှာ တစ်နေ့ ၁၂ နာရီကြာအောင် အလုပ်လုပ်နေပါပြီ။ သူမ နာမည်ကတော့ Cai Qian ပါ။ အသက်ကတော့ ၂၂ နှစ်ရှိပါပြီ။ သူမအနေနဲ့ ရေကြောက်တတ်တဲ့ အကျင့်ကို ဖြတ်ကျော်ခဲ့ရပါတယ်။ Xiangyang မြို့မှာရှိတဲ့ ရေအောက်ကမ္ဘာမှာ အလုပ်လုပ်ဖို့အတွက်ပါ။

သူမဟာ ပွဲပေါငး် ရ ပွဲကို တင်ဆက်ပြသရပါတယ်။ ဆားငန်ရေတွေကိုဆေးကြောဖို့အတွက် တစ်နေ့ကို ရေရှစ်ခါချိုးရပါတယ်။ တရုတ်ပြည်မှာ ပိတ်ရက် အများပြည်သူ အားလပ်ရက်ဖြစ်တာကြောင့် ရေအောက်ကမ္ဘာ ကို လာရောက်လည်ပတ်သူတွေ များလာပါတယ်။

ရေအောက်ကမ္ဘာ မှာ ရေသတ္တဝါပေါင်း ၅၀၀၀ လောက်ရှိပြီး ငမန်းတွေ၊ ငါးရှဉ့်တွေ၊ ပင်လယ်လိပ်တွေကိုလည်းပြသထားပါတယ်။ Cai Qian ကပြောကြားရာမှာ သူမအနေနဲ့ လွန်ခဲ့တဲ့ ၁ လလောက် အထိရေမကူးတတ်သော်လည်း အလုပ်ရရှိဖို့ အတွက် ရေကူးတတ်အောင်အလျင်အမြန်လေ့ကျင့်ခဲ့ရတယ်လို့ဆိုပါတယ်။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။