နာမည်ကျော် Webtoon ကိုကျောရိုးယူရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာ EXO အဖွဲ့ဝင်ဖြစ်တဲ့ ဆူဟိုဟာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ “Female Middle Schooler A” လို့ အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ “Female Middle Schooler A” ရုပ်ရှင်ဇာတ်ကားဟာ နာမည်ကျော် Webtoon ကို ကျောရိုးယူရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။

SM Entertainmant သတင်းတစ်ခုက စက်တင်ဘာ(၂၇)ရက်နေ့မှာ ဆူဟိုဟာ မကြာမီရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုုပ်ဆောင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ “Female Middle Schooler A” ရုပ်ရှင်ဇာတ်ကားဟာ ဂိမ်းစွဲလမ်းမှု၊ အနိုင်ကျင့်ခံရမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုမျိုးနှင့် လူမှုကိစ္စတွေကို အခြေခံ ဇာတ်အိမ်ဖွဲ့ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။

“Female Middle Schooler A” ရုပ်ရှင်ဇာတ်ကားဟာ ဗီဒီယိုဂိမ်းတွေကို စွဲလမ်းနေတဲ့ Jang Mi Rea ဆိုတဲ့ အလယ်တန်းကျောင်းသူတစ်ယောက်အကြောင်းကို ရိုက်ကူးမှာ ဖြစ်ပါတယ်။ Jang Mi Rea ဇာတ်ရုပ်နေရာမှာ ကလေးသရုပ်ဆောင် Kim Hwan Hee က သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဆူဟိုကတော့ အသက် (၂၀)အရွယ် Jae Hee ဆိုတဲ့ ဇာတ်ရုပ်နေရာမှာ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

Source - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။