နေ့ခင်းကြောင်တောင် ဘတ်စ်ကားစောင့်နေသော မိန်းကလေးအား ဆွဲလားရမ်းလားလုပ်

"ရန်ကုန်မြို့က မိန်းခလေးတွေအတွက် လုံးဝ လုံးဝ မလုံခြုံတော့ဘူး" နောက်ဆက်တွဲ ၂ (ညနေခင်းလဲ မလုံခြုံဘူး၊ မြို့တွင်းလဲ မလုံခြုံဘူး)

ကျနော့ကို မိန်းခလေးအတော်များများ သူတို့တွေ့ကြုံခဲ့ရတဲ့ ဆိုးရွားတဲ့အဖြစ်အပျက်ကို ပြောလာကြတဲ့အထဲမှ ယနေ့အသိပေးလာတဲ့ ညီမတစ်ယောက်ရဲ့ အဖြစ်ကို နောက်လူတွေ ရှောင်ကျဉ်နိုင်အောင် ပြန်လည်မျှဝေလိုက်ပါတယ်။ ဖြစ်ပွားတဲ့နေရာဟာ မြို့တွင်းကြီးဖြစ်သလို၊ မှောင်လဲမမှောင်သေတဲ့ ညနေခင်းပါ။

***

ညီမ ရွှေဂုံတိုင် က ယုဇနတာဝါမှာ travel & tour တခုမှာအလုပ်လုပ်ပါတယ်။ ပြန်တိုင်းအိမ်ကလာကြိုလေ့ရှိပါတယ်။ မဟုတ်ရင် ညီမ နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့နားက BRT စီးပီးပြန်ပါတယ်။ရုံးဆင်းချိန် ၅နာရီပါ အဲ့မှတ်တိုင်ကလူပြတ်ပါတယ်။ ညီမ ကားစောင့်တဲ့နေ့ အဲ့မှတ်တိုင်မှာ လူ၁ယောက် အိပ်နေပါတယ် ညီမလဲ ဒီတိုင်းပဲအရူးထင်ခဲ့ပီးခပ်လှမ်းလှမ်းကကားရပ်စောင့်ခဲ့ပါတယ်။

သိပ်မကြာာခင်သူထလာပီးး ညီမနားလာရပ်ပါတယ် ညီမမသိချင်ယောင်ဆောင်နေလိုက်တယ်။ BRT လာတာကြာတာကိုးး။ သိပ်မသင်္ကာတော့လို့ ညီမ မှတ်တိုင်ကနေ ထွက်မယ်အလုပ်မှ ခါးကိုဆွဲဖက်တယ် ညီမအော်ပီးအကူအညီတောင်းပါတယ်။ အဲ့မှတ်တိုင်မှဘယ်သူမှမရှိပါဘူး ဟိုဘက်ခြမ်းက တော်တော်လှမ်းပါတယ်။။ညီမကို မငြင်းနဲ့ ဟိုတယ်လိုက်ခဲ့ဆိုပီ ခေါ်ပါတယ်။ ဖြတ်သွားတဲ့ကား၁စီးကရပ်ပီး အဲ့လူကိုဆင်းထိုးမှ ညီမ လွတ်ခဲ့တာပါ။ ဟိုဘက်ခြမ်းကလူတွေကပြေးတော့လာပါတယ်။ ညီမကို ဆံပင်ကစောင့်ဆွဲပီးး အဲ့နားက အုတ်နံရံနဲ့ ပစ်တိုက်ပါတယ်။

တခါမှ အဲ့လိုမကြုံခဲ့ဖူးပါ လာကူညီတဲ့အစ်ကို ကိုလဲ ပြန်ထိုးကြိတ်ပါတယ်။ ငါ့ကိစ္စမင်းဝင်မရှုပ်နဲ့ဆိုပီးတော့။ ညီမ လဲ ပစ်လဲနေခဲ့တာ။ မတ်တပ်တောင်ပြန်မရပ်နိုင်ဘူး ရှက်တာရော ကြောက်တာရောကြောင့်။ ဟိုဘက်ခြမ်းကလူတွေ ရောက်ခါနီးတော့အဲ့လူထွက်ပြေးသွားပါတယ်။ ဗဟန်းရဲစခန်းဝင်တိုင်ခဲ့ပါတယ် သူတို့ စောင့်ကြည့်ပေးပါမယ်ပဲပြောတယ် ညီမ အဲ့လူပုံစံလဲပြောပြခဲ့တယ်။

အဓိက ကတော့ ညီမလို တခြားမိန်းကလေးတွေမကြုံစေချင်လို့ပါ။ အဲ့မှတ်တိုင်ကို သတိထားပီးကားစောင့်စေချင်တာပါ။ ပီးတော့ ပြန်ခုခံဖို့တခုခုဆောင်စေချင်တာ။ ညီမကလူကောင်အရမ်းသေးတော့ ပြန်မခုခံနိုင်ခဲ့ဘူး။ ကူညီတဲ့လူရှိခဲ့လို့သာ။ တော်ရုံလူကလဲ မြန်မြန်ပြေးမလာကြဘူး။ ညီမကိုကူညီတဲ့အစ်ကိုဆို ခေါင်းပါကွဲတယ် အဲ့လူကအားသန်တော့ ထိုးတာရော နံရံနဲ့ပစ်စောင့်တာရောကြောင့်။ ညီမ ရှက်လွန်းလို့ တော်တော်ငိုခဲ့ရတယ်။ ကြောက်တာရောပေါ့။ဟု facebook သုံးစွဲသူတစ်ဦးမှ ရေးသားထားသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။