မကြီးစိုးလို့ ချစ်စနိုးခေါ်ကြတဲ့ စိုးမြတ်သူဇာတို့ရဲ့ ညီအမတွေအားလုံးလိုလိုဟာ အနုပညာအလုပ်တွေလုပ်ကိုင်ကြတာမို့

အကြီးဆုံး အနုပညာမိသားစုကြီးလို့တောင် ဆိုနိုင်ပါတယ် ။ ဒီသီတင်းကျွတ်မှာ သူတို့ညီအမတတွေ ဆွေမျိုးတွေကိုကန်တော့ရင်းနဲ့

ဆုံစည်းကြတဲ့ ပုံလေးတွေကို စိုးပြည့်သဇင်ရဲ့ လူမှုကွန်ယက်ကနေမျှဝေထားတာကိုတွေ့ရှိရပါတယ် ။

စိုးပြည့်သဇင်နဲ့ စန္ဒီမြင့်လွင် စိုးမြတ်သူဇာ တို့အပြင် ပရိတ်သတ်တွေရှေ ့မတွေ့ရတာ ကြာပြီဖြစ်တဲ့ စိုးမြတ်ကလျာ လည်းအတူရှိနေခဲ့ပြီး ပျော်ရွှင်နေပုံကိုတွေ့မြင်ရပါတယ် ။

စိုးပြည့်သဇင်ကတော့ သူမရဲ့ သီတင်းကျွတ်အပျော်လေးကို 

" ချစ်စရာမြန်မာ့ဓလေ့လေးပေါ့နော်???ပျော်စရာကြီးမုန့်ဖိုးလည်းရတယ်??? " လို့ ပရိတ်သတ်တွေကို ပြန်မျှဝေထားတာဖြစ်ပါတယ် ။ 

တကယ့်ချစ်စရာ ဓလေ့လေးပါပဲ ... မိသားစုတွေ ပြန်ဆုံဆည်းတဲ့အချိန်ဟာ ပျော်စရာအကောင်းဆုံးအချိန်ပဲ မဟုတ်ပါလား ပရိတ်သတ်ကြီးရေ ...

မကြီးစိုးတို့ မိသားစုရဲ့ အပျော်လေးတွေကို ပုံလေးတွေကြည့်ပြီး မျှဝေခံစားလိုက်ကြရအောင်နော် ...

သတင်းအရင်းမြစ် Soe Pyae Thazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။