အမေရိကန်နိုင်ငံ တောင်ပိုင်း ဒါကိုတာ Sioux Falls အရပ်မှ အသက် ၈နှှစ်ရှိပြီဖြစ်တဲ့ St.Bernard ခွေးကလေးဟာ ရှည်လျားတဲ့ လျှာကိုပိုင်ဆိုင်တဲ့ ခွေးကလေးအဖြစ်နဲ့ Guiness World Record မှာ မှတ်တမ်းစံချိန်ဝင်ခဲ့ပါတယ်။ ခွေးကလေး ရဲ့ လျှာဟာ ၁၈.၅၈ စင်တီမီတာ (၇.၃၁ လက်မ) ရှည်လျားပါတယ်။ ခွေးမကလေး နာမည်ကတော့ Mochi ပါ။

ခွေးကလေး ရဲ့ ပိုင်ရှင် Carla Rickert က "ဒီလိုမှတ်တမ်းစံချိန်ဝင်ခဲ့တာ တကယ့်ကိုအံ့မခန်းပါဘဲ။ Mochi ဟာ အေးအေးဆေးဆေးနေတတ်သူပါ။ တစ်ခါမှတောင်းဆိုတာ၊ ၀င့်ကြွားတာမျိုးမရှိပါဘူး။ ဒီလိုုိမှတ်တမ်းစံချိန်ဝင်ခဲ့တာ ကို သူလည်း ပျော်လိမ့်မယ်လို့ ထင်ပါတယ်" လို့ပြောကြားသွားခဲ့ပါတယ်။

ခွေးမကလေး ရဲ့ ရှည်လျားသော လျှာကြောင့် လူအများစိတ်ဝင်စားခြင်းခံနေရပါတယ်။ အခုလို Guiness World Record မှာ မှတ်တမ်းစံချိန်ပါ ၀င်ခဲ့တာကြောင့် ခွေးကလေးကို လူအများ ပိုသိလာခဲ့ကြပါတယ်။ ခွေးကလေး ရဲ့ပိုင်ရှင်ကတော့ အခုလို မှတ်တမ်းစံချိန်ဝင်ခဲ့တဲ့ အတွက် အလွန်ပျော်ရွှင်နေပါတယ်။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။