မြောက်ကိုရီးယားဟာ အမေရိကန် အနောက်ဘက်ကမ်းခြေထိ ရောက်ရှိနိုင်တဲ့ တာဝေးပစ် ဒုံးပျံစမ်းသပ် ပစ်လွှတ်ဖို့ ပြင်ဆင်နေတယ် လို့ ပြုံယမ်း ကို အလည်အပတ်သွားပြီး မကြာသေးမီကမှ ပြန်လာတဲ့ ရုရှား ဥပဒေပြုအဖွဲ့ဝင်တစ်ယောက် က သောကြာနေ့ကပြောကြားလိုက်ပါတယ်။

ရုရှားအောက်လွှတ်တော်ပါလီမန် နိုင်ငံတကာဆက်ဆံရေးကော်မတီ မှ Anton Morozov ဟာ အခြား ရုရှားဥပဒေပြုအဖွဲ့ဝင်နှစ်ယောက်နဲ့ အတူ ပြံုယမ်းကို အောက်တိုဘာလ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ သွားရောက်လည်ပတ်ခဲ့တာဖြစ်တယ် လို့ ရုရှားမီဒီယာ ဖြစ်တဲ့ RIA သတင်းဌာန က ထုတ်ပြန်ခဲ့ပါတယ်။

"မြောက်ကိုရီးယား ဟာ တာဝေးပစ် ဒုံးပျံသစ်စမ်းသပ် ပစ်လွှတ်ဖို့ ပြင်ဆင်နေပါတယ်။ သူတို့က ကျွန်တော်တို့ ကို သူတို့ဒုံးပျံဟာ အမေရိကန် အနောက်ဘက်ကမ်းခြေထိ ရောက်ရှိနိုင်တယ်ဆိုတာ သက်သေပြတဲ့ အနေနဲ့ တွက်ချက်မှုတွေ လုပ်ပြခဲ့ပါသေးတယ်။" လို့ Anton Morozov ရဲ့ပြောကြားချက်ကို RIA သတင်းဌာန က ထုတ်ပြန်ခဲ့ပါတယ်။

Source: Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။