အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်အချစ်တော် မင်းသမီးလည်းဖြစ်သူကတော့ ထက်ထက်မိုးဦးပါ။ ကြော်ငြာပေါင်းများစွာ ရိုက်ကူးခဲ့ပြီး အကယ်ဒမီဆုလည်းရရှိထားတဲ့ သူမကတော့ လက်ရှိမှာ အရင်ကလို အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်လို့ နေတာတွေ့ရပါတယ်။

ထက်ထက်ဟာ ယခင်တည်းက ကျန်းမာရေးသိပ်မကောင်းတဲ့အတွက် လက်ရှိ သူမရဲ့ကျန်းမာရေးနဲ့ပတ်သတ်ပြီး မေးမြန်းဖြစ်တဲ့အခါမှာတော့....

"ကျန်းမာရေးအခြေအနေကတော့ အမ ဗိုက်ခွဲစရာရှိမယ်။ ဗိုက်နဲ့ပတ်သတ်တာဖြစ်နေတယ်။ အဲ့တာအခု ကြာသပတေးနေ့မှာခွဲရမလား။ ခဏထားလို့ရသေးလားဆိုတာ စောင့်နေပါတယ်။ ပြီးတော့ အမအခုလောလောဆယ်မှာ အရင်တုန်းကတော့ ရိုးရိုးလေးဖက်နာ ထင်လို့ကုနေတာပေါ့နော်။ အဲ့တာ သွေးတွေဘာတွေစစ်ကြည့်တော့ အရေပြားလေးဖက်နာ ဖြစ်နေတာပေါ့နော်။ ဒါပေမဲ့ အမက ကိုယ့်ကိုကို စိတ်မကျအောင်တော့ တင်းထားပါတယ်" ဆိုပြီး Myanmar Celebrities သို့ သူမရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြထားပါတယ်။

လက်ရှိမှာတော့ မိသားစုအတွက် သမီးလေးအတွက်လည်း အချိန်ပေးသလို အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်လို့နေတာ တွေ့ရပါတယ် ပရိသတ်ကြီးရေ။ ချစ်ရတဲ့ မထက် အမြန်ဆုံးနေကောင်းကျန်းမာပါစေလို့ ပရိသတ်ကြီးနဲ့အတူ Myanmarload မှ ဆုတောင်းပေးလိုက်ပါတယ်နော်......

Source: Myanmar Celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။