ပရိသတ်ကြီးရေ မြန်မာနိုင်ငံမှာ လူသိများကျော်ကြားသူတွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ သန္တာလှိုင် ကတော့ မနေ့က မင်္ဂလာဆောင်သွားပြီဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် Judson Church မှာ မင်္ဂလာပွဲကျင်းပွဲခဲ့ပြီး "ဒီနေ့တော့ ဘဝလေးဟာပြည့်စုံ သွားးတယ်လို့ ခံစားရပါတယ်" လို့ သန္တာလှိုင်က ဆိုပါတယ်။

ဆွေမျိုးနီးစပ်နဲ့ သာမန် မင်္ဂလာပွဲလေးတစ်ခုကိုပဲ ပျော်ရွှင်စွာ ကျင်းပခဲ့တဲ့ သူမကတော့ ပျော်ရွှင်စရာ မင်္ဂလာဦးည အမှတ်တရလေးကိုလည်း ယခုလို ပြောပြထားပါသေးတယ်။

"မင်္ဂလာဦးညမှာ ချစ်တဲ့ သူတွေ အကုန်ဘေးနားမှာ ရှိနေတော့ ဘာမှ မလိုအပ်တော့ဘူးပေါ့။ သားလေး Rayn ကလဲ ဆော့တာ လက်လက်ထ အောက်ထပ်က strand hotel ရဲ့ GM အခန်းက တည့်တည့်ဆိုတော့ လာမေးယူရတယ် လူတွေ အများကြီးနဲ့ ပြေးဆော့ ကစားရတာ ပျော်နေတာတဲ့လေ.....

ညက မအိပ်ခင်က ဧည့်ခန်းက ကြမ်းပြင်မှာ ၅ယောက် အခုမိုးလင်းတော့ ကိုယ်တွေ အိမ်ယာ ပေါ်မှာ ၄ယောက်" ဆိုပြီး သူမရဲ့ လူမှုစာမျက်နှာမှာ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

Source: Thandar Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။