သရုပ်ဆောင် မော်ဒန် မင်းသားချော ပိုင်တံခွန်က ဒီနှစ် သတင်းကျွတ်ကာလမှာ မိဘတွေ လိုအပ်တာတွေနဲ့ ကန်တော့ခဲ့တယ်လို့ သိရပါတယ်။ ပရဟိတစိတ်အပြည့်ရှိပြီး ကြုံရင် ကြုံသလို အမြဲလိုလို လှူဒါန်းမှုများလည်း ပြုလုပ်လေ့ရှိသူလည်း ဖြစ်ပါတယ်။ မိဘတွေအတွက် လိုအပ်တာတွေနဲ့ ကန်တော့နိုင်ခဲ့လို့ ပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။

ဒီနေ့သီတင်းကျွတ်မှာ အဖေ နဲ့ အမေ အတွက် ကန်တော့ ငွေ ဆယ်သိန်း နှင့် အဖေ အမေ အလုပ်မှာ လိုအပ်တဲ့ ကုန်တင်ကားတစင်းပါ သားမသုံးဘဲစုထားတဲ့ အနုပညာကြေးလေးတွေနဲ့ ဝယ်ပေးနိုင်ခဲ့တဲ့အတွက် သားပီတဖြစ်ရပါတယ်..။

လောကမှာ မိဘ နှင့် သားသမီး တိုင်းက အဆင်ပြေတာ ရှိသလို မပြေတာလည်း အများကြီးရှိပါတယ်။ သားကောင်းသမီးကောင်း ရှိသလို ဆိုးသွမ်းတဲ့ သားမိုက်သမီးမိုက်တွေလည်းရှိပါတယ်။

တရားတဲ့ မိဘ ရှိသလို မတရားတဲ့ မိဘတွေလည်း အများကြီးရှိပါတယ် ။

မည်သို့ပင်ဖြစ်စေမိဘကမိဘပါဘဲဘယ်သောအခါမျှမပစ်မှားမိပါစေနှင့်..။

သားပိုင်တံခွန် အဖေ နဲ့ အမေကို ကျန်းမာချမ်းသာပါစေ လို့ ဆန္ဒပြုရင်း အဝေးကနေ ရှိခိုးဦးချကန်တော့လိုက်ပါတယ် ။" ရေးသားထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။