Iron Cross အဖွဲ့ရဲ့ ပင်တိုင် Rocker ကြီး ဦးအငဲ ကို အားပေးကြတဲ့ ပရိတ်သတ်တွေက နိုင်ငံအဝှမ်းမှာရှိကြပါတယ် ။

အောင်မြင်မှု သက်တမ်းကလည်း ဆယ်စုနှစ်မကရှိနေပါပြီ ။ ဂီတလောကရဲ့ ၀ါရင့်အဆိုရှင်တစ်ဦးဖြစ်ပြီး အခိုင်အမာထောက်ခံအားပေးတဲ့

ပရိတ်သတ်တွေကလည်း အများကြီးပါ ။ 

ဦးအငဲရဲ့ ဂီတလှုပ်ရှားမှုတွေအကြောင်းကို Media တွေထပ်မှာ ခဏခဏ တွေ့ရတတ်ပေမယ့်

မိသားစုဘဝလေးကိုတော့ တွေ့ရခဲပါတယ် ။ ဦးအငဲမှာ မန္တလေးသူ ချစ်ဇနီးလေးနဲ့အတူ သမီးချောလေးနှစ်ယောက်ပါရှိပါတယ် ။

သမီးကြီးလေး လမင်းခကတော့ ဖခင်ရဲ့ အနုပညာမျိုးဆက်ကိုလက်ဆင့်ကမ်းပြီး " ကူးကူ " လို့အမည်ရတဲ့ တကိုယ်တော် တေးသီချင်း Album

တောင်ထွက်ရှိထားပါပြီ ။ သူတို့မိသားစုလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးတို့အတွက် မျှဝေပေးလိုက်ပါတယ်နော် ။ 

သတင်းအရင်းမြစ် Myanmar celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။