လတ်တလောမှာ ရခိုင်အရေးကိစ္စအတွက် ပြည်သူတွေဘက်ကဝင်ရောက်ရပ်တည်ပြီး နိုင်ငံတကာသိအောင် ချပြပေးခဲ့လို့

ပြည်သူ့အချစ်တော်လေးဖြစ်လာတဲ့ အလှမယ်ရွှေအိမ်စည်ကတော့ နိုင်ငံကျော်မင်းသမီး သက်မွန်မြင့်နဲ့ ဆုံတုန်းဆုံခိုက် ဓါတ်ပုံ ရိုက်ခဲ့ပါတယ် ။

ချစ်သက်နဲ့ ရွှေအိမ်စည်ကတော့ Laser Care Clinic မှာ ကုသမှု သွားခံယူကြတုန်းမှာ တိုက်တိုက်ဆိုင်ဆိုင်စုံခဲ့တာပါတဲ့ ။

" Treatment room ထဲ ဓာတ်ပုံရိုက်??

မသက်မွန်❤️ " လို့ ရွှေအိမ်စည်ကဆိုပြီး သူတို့ရဲ့ ချစ်စရာပုံလေးကို ပရိတ်သတ်တွေဆီ မျှဝေလိုက်ပါတယ် ။ 

အသက် ၁၈ နှစ်ပဲရှိသေးတဲ့ ရွှေအိမ်စည်ကတော့ Organization နဲ့ ပြသာနာအချို ့ရှိခဲ့တာကြောင့် Miss Grand Myanmar 2017 သရဖူပြန်သိမ်းခံလိုက်ရပြီး ပြိုင်ပွဲသွားမယှဉ်ပြိုင်ရတော့ပေမယ့်လဲ မြန်မာ ပရိတ်သတ်တွေရဲ့ တခဲနက် ချစ်ခင်အားပေးမှုကို ရရှိထားသူလေးပဲဖြစ်ပါတယ် ။

ချစ်သက်ကလည်း မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို ရိုးသားပွင့်လင်းတဲ့ တိုင်းရင်းသူလေးတစ်ယောက်ဖြစ်တဲ့အတွက် ပရိတ်သတ်တွေက ၀ုိင်းဝန်းချစ်ခင်နေကြသူလေးပါပဲ ... ။ ရွှေအိမ်စည်က လူငယ်ပီပီ သွက်လက်တက်ကြွ လှပနေသလို ချစ်သက်ကလည်း ရင့်ကျက်တည်ငြိမ်တဲ့အလှနဲ့ နှစ်ယောက်စလုံးလှပနေတာကိုတွေ့ကြရမှာပါနော် ... 

သတင်းအရင်းမြစ် Shwe Eain Si

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။