အဆိုတော် သရုပ်ဆောင် ဂျင်းနီကတော့ ကိုယ်တိုင် ကြာဆံချက်ဝင်ချက်ထားပါတယ် ။

မတင်ဇာမော်ရဲ့ အောက်တိုဘာ ၈ ရက်နေ့ညကကျင်းပတဲ့ တစ်ကိုယ်တော် 7concert မှာရောင်းမလို့ လို့ သူမကဆိုထားတာပါ ။

Show ပွဲသွားကြည့်တဲ့သူတွေကတော့ ဂျင်းနီရဲ့လက်ရာလေးကို စားခွင့်ကြုံမှာအမှန်ပါပဲ ။

??ဒီနေ့ည မမတင်ဇာမော်ရဲ့ #7concert မှာ ထူးခြားတဲ့ င်ဆက်မှုတွေကို ကြည့်ရှုခံစားရင်း Jenn ကိုယ်တိုင် လက်စွမ်းပြထားတဲ့ ရှယ် ကြာဇံချက် ကိုလည်း ဝယ်ယူသုံးဆောင်နိုင်ပါကြောင်း သတင်ကောင်းပါးချင်ပါတယ်ရှင့်။ ??? " လို့ သူမက ပြောထားတာပါ ။

ကြာဆံချက် ချက်နေတဲ့ ပုံလေးတွေမှာတော့ လွတ်လပ်ပေါ့ပါးနေတဲ့ ဂျင်းနီကိုတွေ့မြင်ရပြီး

ပရိတ်သတ်တွေကတော့ ဟင်းချက်နေတဲ့ ပုံလေးက နန်းဆန်တယ် ဆိုပြီး 

ဂျင်းနီချက်ထားတဲ့ ကြာဆံချက်လေးကလည်း နန်းဆန်တဲ့ ကြာဆံချက် ရယ်လို့ ပရိတ်သတ်တွေက စနောက်နေကြတာပါ ။

သူချက်နေတဲ့ပုံကလည်း တကယ်ကို အားပါးတရပါပဲ ။ 

ဂျင်းနီလေး ချစ်ဖို့ကောင်းနေတယ်မဟုတ်လား ပရိတ်သတ်ကြီးရေ ... 

သတင်းအရင်းမြစ် Jenny

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။