ကိုရန်လေးလို့ ချစ်စနိုးခေါ်ကြတဲ့ မင်းသားရန်အောင်ကတော့ မကြီးစိုး ဇေရဲထက်တို့နဲ့ "ပင်လယ်လုပွဲ" ဆိုတဲ့ဇာတ်ကားကို သန်လျင်မှာရိုက်ကူးနေတယ်လို့သိရပါတယ် ။

သီတင်းကျွတ်အခါသမယဖြစ်တဲ့အတွက် ရိုက်ကွင်းမှာတင် မကြီးစိုးက သီတင်းကျွတ်ကန်တော့ပွဲလေးတစ်ခုလုပ်တဲ့အခါ အကန်တော့ခံရတဲ့ ရန်အောင်ခမျာ ပီတိဖြစ်ပြီး မျက်ရည်များတောင် ၀ဲတယ်လို့ဆိုပါတယ် ။ 

ညီတော် ဇေရဲထက် လည်း၊သူပါ ကန်တော့ပါရစေ ဆိုပြီး သီတင်းကျွတ်ဂါရဝတရားကို ပြုကြပါတယ်...

" ညီမတော် စိုးမြတ်သူဇာက သစ်သီးခြင်းများနှင့် မှတ်မှတ်ရရ ဂါရဝပြုတာကို မင်္ဂလာရှိစွာမြင်တွေ့ရလေသည်...(ဒီလိုရက် အချိန်ခါမှာ ကြုံရခဲတဲ့ အစ်ကိုနှစ်ယောက်ကို ကန်တော့တာပါ၊ကာယကံ,ဝစီကံ,မနောကံ နှင့်ပြစ်မှားမိခဲ့သည်ရှိသော် ခွှင့်လွှတ်ပေးပါ အစ်ကိုများရှင်... ဆိုပြီး ဦးချလိုက်တဲ့အခါ...ပီတိမျက်ရည်များပင် ဝဲမိလေတော့သည်...) " လို့ ရန်အောင်က ပျော်ရွှင်စရာကောင်းတဲ့ ပုံလေးတွေနဲ့ အတူ ပြောထားခဲ့တာပါ ။ ရန်အောင်နဲ့အတူ ရဲအောင်လဲ ၀င်ကန်တော့ခံခဲ့ပြီး

ထိုဇာတ်ကားမှာ ပါ၀င်သရုပ်ဆောင်နေတဲ့ ဇေရဲထက်ကလည်း ကန်တော့ချင်တယ် လို့ဆိုတာ ၀င်ကန်တော့ ခဲ့တာမို့ ကန်တော့ပွဲလေးက မြိုင်ဆိုင်သွားခဲ့ပါတယ် ။

ဒီလိုအချိန်မှာ ကျွန်တော်တို့စိတ်ထည်း သူတို့အတွက် ဆုတွေတောင်းပေးရတာမကုန်နိူင်အောင်ပါဘဲ... ပေးတဲ့ဆုနဲ့ပြည့်ပါစေ လို့ဆိုပြီးတာနဲ့...(လက်နှစ်ဖက်ဖြန့်ပြီး...., မျက်နှာပေး သာကြည့်လိုက်ပေတော့..)???(ဒီ အစ်ကိုတွေနဲ့တွေ့တဲ့ အခါ ကလေး လေးတစ်ယောက်ဖြစ်သွားရတဲ့ ချစ်သောညီမ..)
ပေးလိုက်တယ်လို့...စိတ်ကျေနပ်အောင်... နားလည်,သိတတ်,ရင့်ကျက် လာတဲ့ ညီမတော် အတွက် ကျွန်တော်ပေးလိုက်တဲ့ ဖြူစင်တဲ့မေတ္တာတရားက နိူင်းဆလို့မရအောင်ပါဘဲ..???
ညီတော်အတွက်လည်း ထိုနည်း၎င်း...???

ကန်တော့ပြီး မုန့်ဖိုးတောင်းနေတဲ့ မကြီးစိုးနဲ့ ဇေရဲထက်တို့ကို စိတ်ကျေနပ်အောင် ကိုရန်လေးက မုန့်ဖိုးတွေတောင်ပေးခဲ့သေးတယ်လို့ဆိုပါတယ် ။

လပိုင်းကြီးတဲ့ ကိုရဲအောင်ကို ရန်အောင်က ကန်တော့စဉ်မှာတော့ ကိုရဲအောင်က ဆုတွေတောင်းပေးပြီး မုန့်ဖိုးပြန်လည်ပေးခဲ့ပါတယ် ။

သီတင်းကျွတ်နဲ့ မုန့်ဖိုးဆိုတာတော့ ခွဲမရဘူးမဟုတ်ပါလား ... ပရိတ်သတ်ကြီးရော သီတင်းကျွတ်မုန့်ဖိုးရပြီးကြပြီလားဗျိုး ?

လိုခြင်တာရလို့ ကခုန်ပျော်ရွှင်နေတဲ့ မောင်နှမတစ်တွေ...???
ကြီးသူကို ရိုသေ ဆိုတဲ့အတိုင်း ကျွန်တော့်ထက် လ အနည်းငယ်ကြီးတဲ့ ကိုရဲအောင်ကို ဂါရဝတရားရှေ့ထားပြီး ဦးချ ခဲ့ပါတယ်??????
ကျွန်တော့လက်ကို ကိုင်ပြီး ဆုတွေပြည့်စုံအောင်တောင်းပေးနေတဲ့ ကိုရဲအောင် အတွက် ကျွန်တော်ဟာ ကလေးတစ်ယောက်လိုပါ..
ကိုရဲအောင် ကျွန်တော့်ကို မုန်ဖိုးပြန်ပေးတဲ့ အတွက် ပျော်ရွှင်ကျေနပ်ရပြန်ပါတယ်...(ချစ်စရာကောင်းတဲ့ ဗုဒ္ဓဘာသာမြန်မာ့ဓလေ့ ပါဘဲခင်ဗျာ..)?????? ညဖက်၊
ဟိုဘက်ရိုက်ကွင်း(MRTV 4) ဇာတ်လမ်းတွဲ ရိုက်ကွင်းမှ ကျွန်တော်တို့ ရိုက်ကွင်းကိုလာလည် နူတ်ဆက်တဲ့ ညီမတော် ထက်ထက်မိုးဦး???

သတင်းအရင်းမြစ် Yan Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။