ရိုက်တာသတင်းဌာနမှ ကွင်းဆင်းမေးမြန်းမှုများအရဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးရောက်ရှိသွားသည့် ဘင်္ဂါလီအများစုသည် ARSA အကြမ်းဖက်အဖွဲ့ကို ထောက်ခံအားပေးဆဲဖြစ်ကြောင်းသိရှိရပါတယ်။''ထပ်ခါထပ်ခါ တိုက်ခိုက်နေရမှာပဲ။ အခွင့်အရေးရရင် နောက်တခါလည်း သွားတိုက်ဦးမှာပဲ''ဟု ရသေ့တောင်မြို့နယ်တွင် နေထိုင်ခဲ့သူအသက် ၃၅ နှစ်အရွယ် ကမာဟူစိန်က ပြောကြားခဲ့တယ်လို့သိရပါတယ်။

''မြန်မာတွေကိုတိုက်ရမယ်။ ဘာလို့လဲဆိုတော့ ကျုပ်တို့ရဲ့ မောင်တွေနှမတွေ နေ့စဉ် သေကျေနေကြရတယ်လို့ သူက ပြောတယ်။ အဲဒီနေ့က အားလုံး(တိုက်ခိုက်ဖို့) ပူးပေါင်းခဲ့တယ်ထင်တယ်''ဟု ပြီးခဲ့သည့် ဇွန်လ ရာမဒန်ဥပုသ်လအတွင်း ဘာသာရေးခေါင်းဆောင်တဦး၏ စည်းရုံးသိမ်းသွင်းမှု ARSA အဖွဲ့ဝင်ကမာဟူစိန်ကပြောကြားခဲ့တာဖြစ်ပါတယ်။

တိတ်ဆိတ်လျက်ရှိသည်ဟု အချို့ကပြောသည်။ရိုက်တာက မေးမြန်းခွင့်ရရှိခဲ့သည့် အကြမ်းဖက်သမားသုံးဦး၏အဆိုအရ မြန်မာ့တပ်မတော်၏တုံ့ပြန်မှုကို အံ့အားသင့်ကြောင်း၊ တိုက်ခိုက်မှုစတင်ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း လက်နက်ချ၍ ရွာများကို စွန့်ခွာထွက်ပြေးရန်တပ်မှူးများက ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။

သတင်းအရင်းအမြစ်-ရိုက်တာသတင်းဌာန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။