တီဘီရောဂါဆိုရင် လူတိုင်း မည်သူတစ်ဦးမျှ မကြောက်သူမရှိ ပါဘူး။ လူတိုင်း တီဘီရောဂါဖြစ် မှာကို ကြောက်ကြသလို တီဘီ ရောဂါကူးစက်ခံရမှာလည်းကြောက် ကြပါတယ်။ ကမ္ဘာကြီးပေါ်မှာလည်း တီဘီရောဂါဖြစ်ပွားမှုနှုန်း ကို ယခင်ကထက်ကျဆင်းအောင် ပြုလုပ်လျှက်ရှိနေပါတယ်။ မြန်မာ နိုင်ငံမှာလည်း တီဘီရောဂါဖြစ်ပွား နှုန်းကျဆင်းလာခြင်းမှ တစ်ဆင့် ပပျောက်အောင်အဘက်ဘက်မှ ဝိုင်းဝန်း ဆောင်ရွက်လျှက်ရှိပါ တယ်။ အဲဒီလိုပြုလုပ်တဲ့အဖွဲ့တွေ ထဲမှ မြန်မာနိုင်ငံဆရာဝန်အသင်း တီဘီရောဂါတိုက်ဖျက်ရေးစီမံချက် ရဲ့ စီမံချက်မန်နေဂျာဒေါက်တာ သက်နိုင်မောင်နဲ့ ပြောကြားချက် များကို ဖော်ပြပေးလိုက်ပါတယ်။

၂၀၁၄ ခုနှစ်စာရင်းတွေအရ ဆိုရင်တီဘီရောဂါအသစ်က လူတစ် သိန်းမှာ ၃၇၃ ယောက်ရှိပါတယ်။ လူနာအသစ် ရော လူနာအဟောင်းရောဆိုရင် တော့ ၄၇၃ ယောက်ရှိတယ်။ လက်ရှိအနေနဲ့ တီဘီရောဂါက မြန်မာနိုင်ငံရဲ့အဓိကကျန်းမာရေး ပြဿနာလည်းဖြစ်တယ်။ အရင် တုန်းကတော့ တီဘီဖြစ်ပွားနှုန်း အများဆုံး ၂၂ နိုင်ငံလို့ပြောပေ မယ့် အခုနောက်ပိုင်းမှာW.H.O က ထုတ်ပြန်တာက တီဘီရောဂါ အဖြစ်ဆုံးနိုင်ငံ ၃၀၊ ဆေးယဉ်ပါး တီဘီအဖြစ်များဆုံးနိုင်ငံ ၃၀၊HIV တီဘီဖြစ်ပွားမှုအများဆုံးနိုင်ငံ ၃၀ ဆိုပြီး အခုနောက်ပိုင်းထွက်လာ တယ်လို့သိရပါတယ်။

အခု နောက်ပိုင်းမှာTB HIV, MDR TBရောဂါအတွက်ကို အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း နဲ့ပူးပေါင်းပြီးတော့ ဆရာတို့ဆေး ခန်း ၂၃၀ထဲက တော်တော်များ များမှာHIV Testing လုပ်တယ်။ ပြီးခဲ့တဲ့နှစ်ကလည်းဆရာတို့ တော်တော်လေးလုပ်ပေးခဲ့တယ်။ လုပ်ပြီးလို့ အဖြေ Positvie ထွက် တယ်ဆိုရင်လည်း ညွှန်ပို့လိုက် တယ်။ အခုနောက်ဆုံး NTP ရဲ့ အညွှန်းအရဆိုရင် တီဘီလူနာ တိုင်း ကလေးပါမကျန်HIV Testing လုပ်ရမယ်။ အရင်တုန်း က လွှဲပေးရင်လူနာတွေကမသွား ချင်ဘူး။ အခုတော့ ကုတဲ့ဆေးခန်း တွေမှာ လူတိုင်းစစ်ဖြစ်အောင် တော့ တိုက်တွန်းနေရတယ်လို့လည်းပြောပါတယ်။

တီဘီရောဂါပိုးရှိတဲ့လူကတဆင့် လေထဲကကူးစက်တာ။ လူ တိုင်းလူတိုင်းက အသက်ရှူနေရ တဲ့အတွက်ကြောင့် ရှောင်လို့မ လွယ်တဲ့ ကူးစက်နည်းမျိုးပဲဖြစ် တယ်။ တီဘီရောဂါပိုးကလေထဲ မှာ ဘယ်နှရက်ကြာရင်အသက် မရှင်ဘူးပြောတယ်ဆိုပေမဲ့ လေထဲ ကတစ်ဆင့် ပျံ့နှံ့ကူးစက်တာ ရှောင်ရခက်တယ်။ အဓိက ကူး စက်တာက ရောဂါပိုးရှိတဲ့လူ ချောင်းဆိုးနှာချေတာကနေ ရောဂါ ပိုးတွေ တစ်ယောက်ကနေတစ် ယောက်ကို ကူးစက်သွားတယ်။

တစ်ခုပြောချင်တာက ရောဂါပိုးကူး စက်တာရယ်၊ ဖြစ်တာရယ်၊ ရောဂါပိုး ထိတွေ့တာရယ်မတူ ဘူး။ ရောဂါပိုးက ကူးစက်တယ် ဆိုတာက ဆ ရာတို့ရောဂါပိုးကူး စက်နိုင်တယ်။ ဆရာတို့က လူနာ တွေနဲ့အများကြီးတွေ့နေတယ် လို့လည်းပြောပြီး

အကြမ်းဖျင်းပြောမယ်ဆိုရင် ကမ္ဘာပေါ်မှာ လူသုံးပုံတစ်ပုံဟာ တီဘီရောဂါကူးစက်ခံနေရတယ်။ လူဦးရေ သန်းပေါင်းခြောက်ထောင် ဆိုရင် နှစ်ထောင်လောက်ကူးစက် နေတယ်။ ရောဂါမဖြစ်သေးဘူး။ Exposure ကအများကြီးဖြစ်ရင် ဖြစ်မယ်။ အဲဒီအထဲမှာမှ ရောဂါ ဖြစ်တယ်ဆိုတာက ဘဝတသက် မှာ လူတစ်ယောက်ရောဂါဖြစ်နိုင် ခြေဟာ ဆယ်ပုံပုံ တစ်ပုံပဲရှိတယ်။ ဒါပေမဲ့ ခုခံအားနည်းလာပြီ။ ဒါမှ မဟုတ်HIV နဲ့ဆက်တာ ကိုယ် က ပင်ပန်းနေမယ်ဆိုရင် ခန္ဓာ ကိုယ်ထဲမှာ သုံး၊ လေး၊ ငါးနှစ်၊ ဆယ်နှစ်နေပြီးတော့မှ ရောဂါစ ဖြစ်မယ်။ အဲဒီကျမှDisease အဲ ဒီအခါ ချောင်းဆိုးမယ်၊ သွေးပါ မယ်၊ ဖျားမယ်၊ ပိန်သွားမယ်၊ ရောဂါဖြစ်ပြီ။ ရောဂါဖြစ်မှ ဆေးကု ရမှာ။ အဲဒါလေးသိဖို့လိုတယ်လို့လည်းပြောခဲ့ပါတယ်။

ကျန်းမာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ လောကမှာကြောက်စရာဆိုတာမရှိပါဘူး အားတင်းထားဖို့ပဲလိုတာပြောခဲ့ပရစေ ကျေးဇူးတင်ပါတယ်..................

သတင်းအရင်းအမြစ်-ကျန်းမာရေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။