ကာဂျစ်အသင်းကိုအနိုင်ကစားမည်ဟုမြန်မာနည်းပြကြုံးဝါး


မြနမာအသင်းဟာအာရှဖလားခြေစစ်ပွဲအဖြစ်

ကာဂျစ်အသင်းနဲ့ရန်ကုန်လာမယ့်ဆယ်ရက်နေ့မှာကစား

သွားမှာပါ၊၊လက်ရှိအုပ်စုရပ်တည်မှူအရအိန္ဒိယကအုပ်စု

ထိပ်ဆုံးမှာရပ်တည်နေပြီးမြန်မာကအုပ်စုဒုတိယနေရာမှာ

ကာဂျစ်အသင်းနဲ့ရမှတ်တူဂိုးကွာခြားချက်အသာနဲ့

ရပ်တည်နေပါတယ်။အုပ်စုအောက်ဆုံးမှာတော့မကာအိုအသင်းကရပ်တည်နေပြီး

အုပ်စုပထမနဲ့ဒုတိယအသင်းကခြေစစ်ပွဲအောင်မှာပါ။

မြန်မာနဲ့ကာဂျစ်တို့အတွက်ဒီပွဲဟာအုပ်စုတက်ခွင့်ရရေး

အဆုံးအဖြတ်ပွဲသဖွယ်ဖြစ်လာမှာပါ။မြန်မာအသင်းဟာ

ကာဂျစ်နဲ့ပွဲအတွက်အကောင်းဆုံးပြင်ဆင်မှုအဖြစ်

ထိုင်းနဲ့မန္တလေးမှာခြေစမ်းခဲ့ပြီးသုံးဂိုးတစ်ဂိုးနဲ့

ရှုံးနိမ့်ထားပါတယ်။မြန်မာနည်းပြဂတ်ကတော့

ထိုင်းနဲ့ပွဲမှာမြန်မာအသင်းရဲ့အားနည်းချက်တွေကို

တွေ့မြင်ခဲ့ရပြီးကာဂျစ်နဲ့ပွဲအတွက်အကောင်းဆုံးပြင်ဆင်

ထားတယ်လို့သိရပါတယ်။


     "ကာဂျစ္စတန်အသင်းက အသင်းကောင်း ဖြစ်သလို ကစားသမား ကောင်းတွေလည်း ပိုင်ဆိုင်ထားတယ်။ တိုက်စစ်ပိုင်းက နံပါတ်(၉) ဆို ဂျာမနီလိဂ်မှာ လက်ရှိ ကစားနေတဲ့ ကစားသမားပါ။ ဘယ်/ညာ တောင်ပံက ကစားသမားတွေဆိုလည်း အရမ်း မြန်တယ်။ ဒါပေမယ့် ကျွန်တော်တို့လည်း အသင်းညံ့တစ်သင်း မဟုတ်ပါဘူး။ အိမ်ကွင်း မှာ အနိုင်ရဖို့ သေချာပေါက် ပြင်ဆင်သွားမှာပါ"

လို့မြန်မာနည်းပြဂတ်ကပြောပါတယ်။ကဲမစ္စတာဂတ်

အပြောနဲ့အလုပ်ညီမလားဆိုတာကတော့...


Source-7 days

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။