ယနေ့အောက်တိုဘာ(၈)ရက်နေ့မှာ မင်းသမီးခိုင်နှင်းဝေနှင့် သူမရဲ့ Fan တွေက ဂီလာန တိစ္ဆာန်လေးတွေကို တစ်နေ့တာ အစာ အာဟာရများ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ (Golden Heart Animal Rescue) မှာ သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပြီး တစ်နေ့တာ အစာအာဟာရအဖြစ် ထမင်းနဲ့ ကြက်သား နှင့် Good Morning ပေါင်မုန့် အလုံး(၅၀၀) တို့ကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ထိုအလှူလေးက သူမအတွက် Surprise ဖြစ်ခဲ့ရပြီး အရမ်းကို ပျော်ရွှင်ရတယ်လို့ ပြောပါတယ်။

“ဒီနေ့အလှူလေးက အမှန်တော့ ကျမ တကယ်မသိခဲ့ပါဘူး.. ကျမက ခွေးလေးတွေလဲ ချစ်တတ်တော့ ကျမရဲ့ Fan တွေက စုပြီး သူတို့ရဲ့ ချွေးနဲှစာနဲ့ လှူဖို့ ကြိုတင်စီစဉ်ထားကြတာပါ.. ပျော်လိုက်တာ ဆိုတာလေ မပြောတတ်အောင်ပဲ… ကျမနဲ့ ကျမအဖွဲ့ Fan တွေ့ရဲ့ မေတ္တာတရား.. ဘယ်လောက်အေးချမ်းပြီး စိတ်ချမ်းသာစရာကောင်းလိုက်လဲလို့.. Golden Heart ကိုလည်း တကယ်ကို လေးစားတယ်.. သာမန်ခွေးလေးတွေမဟုတ်ပဲ ဂီလာနလေးတွေ ဒုက္ခိတလေးတွေ ကားကြိတ် ရထားကြိတ်ခံထားရတဲ့ ခွေးလေးတွေကို ကယ်ထားတာ တကာ်ချီးကျူး ပါတယ်..ကျမနောက်ထပ်လဲ လာရောက်လှူပါအုံးမယ်ရှင့်..” ဟု ခိုင်နှင်းဝေက ပြောထားပါတယ်။

ပရဟိတ မင်းသမီးလေးလို့ တင်စားခေါ်လောက်တဲ့ ပရဟိတစိတ်အပြည့်ရှိတဲ့ မင်းသမီးခိုင်နှင်းဝေဟာ ပရဟိတ အလုပ်တွေကို တောက်လျှောက်လုပ်လာခဲ့တာ ဖြစ်ပြီး ခိုင်နှင်းေ၀ ပရဟိတလူငယ်များအသင်းမှ မိဘမဲ့နှင့် မသန်စွမ်းကလေးငယ်များနေထိုင်ရန်အတွက် အဆောက်အဦးများ ဆောက်လုပ်လှူဒါန်းနေတာ ဖြစ်ပါတယ်။ အောက်တိုဘာ(၇)ရက်နေ့ကလည်း မိဘမဲ့ကလေးငယ်များကို ဘုရားဖူးနဲ့ ကစားကွင်းတွေကိုလည်း လိုက်ပို့ပေးခဲ့တာ ဖြစ်ပါတယ်။ “သီတင်းကျွတ်အခါသမယမှာ ကျမရဲ့ ရင်သွေးလေးများကို ရွှေတိဂုံဘုရားကြီးသို့ လိုက်ပို့ပြီး ကစားကွင်းပို့ပေးခဲ့တယ်” လို့ သူမရဲ့ fb စာမျက်နှာ မှာ ပြောပြထားပါတယ်။

Source - Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။