Miss earth myanmar 2017 ဆုရှင် တင်စန္ဒာမျိုးကလည်း Miss earth international ပြိုင်ပွဲကြီးကို နိုင်ငံကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဖိလစ်ပိုင်နို်င်ငံကိုထွက်ခွာသွားခဲ့ပါပြီ ။ သူမ ပြိုင်ပွဲမှာ ၀တ်ဆင်မယ့် Superhero Costume ကတော့ ဘီလူးဝတ်စုံပါ ။ အလှမယ်တစ်ယောက်အနေနဲ့ ဘီလူးဝတ်စုံဝတ်ဆင်မယ်ဆိုတာ ထူးထူးခြားခြားလေးဖြစ်နေသလို သူမရဲ့ ဘီလူးဝတ်စုံကိုကလည်း ဒီဇိုင်းထွင်ထားတာဟာ ရိုးရိုး ဘီလူးဝတ်စုံ Theme ကနေ ကွဲထွက်နေပါတယ် ။ 

Superhero Costume ကို အစမ်းဝတ်ဆင်ထားတဲ့ ပုံတွေ ထွက်ပေါ်လာချိန်မှာတော့ မြင်တွေ့တဲ့ ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့သလို ဝေဖန်မှုများကိုလည်းခံခဲ့ရပါတယ် ။ သို့ပေမယ့် ပရိတ်သတ်တွေ ဝေဖန်တာ

၀တ်စုံ ဒီဇိုင်းကိုသာဖြစ်ပြီး နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မယ့် အလှမယ် တင်စန္ဒာမျိုးကိုတော့ ၀ုိင်းဝန်းအားပေးနေကြတာကိုလည်း တွေ့ရပါတယ် ။ 

မကြာခင်မှာပဲ

Miss earth international ပြိုင်ပွဲကြီးလဲစတင်တော့မှာမို့ နိုင်ငံဂုဏ်ဆောင်မယ့် Miss တစ်ယောက်ဖြစ်လာမယ့် တင်စန္ဒာမျိုးကို အတူတူအားပေးလိုက်ကြရအောင် ပရိတ်သတ်ကြီးရေ ... 

သတင်းအရင်းမြစ် Tin Sandar Myo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။