သီချင်းစာသားလန်းလန်းလေးတွေနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ တေးရေး တေးဆို အဆိုတော် G-Fatt က အရင်က သီတင်းကျွတ်ညတွေကို လွမ်းတယ်လို့ ပြောပါတယ်။ G-Fatt က သူရဲ့ သီတင်းကျွတ်အားလပ်ရက်တွေမှာ အလုပ်ကိစ္စတွေနဲ့ ခရီးတွေသွားနေရပြီး ပျော်စရာကောင်းခဲ့တဲ့ အရင်တုန်းက သီတင်းကျွတ်အချိန်ခါလေးတွေကို ပြန်လည်သတိရ လွမ်းမိတယ်လို့ ဆိုပါတယ်။ G-Fatt က သူ့ရဲ့ ဟိုး.. အရင်အချိန်က သီတင်းကျွတ်ချိန်ခါကို လွမ်းနေတဲ့အကြောင်း အခုလိုပြောထားပါတယ်။

"ငရဲမီးဆော့ခဲ့ကြတဲ့ အိမ်ရှေ့က လမ်းမကို လွမ်းတယ်..

ဗျောက်အိုးကို ဒိုင်လျှိုုလေးရောင်းတဲ့ အန်တီကြီး ဆိုင်လဲလွမ်းတယ် ..

ဘယ်လမ်းက မီးအလှဆင်တာ ပိုမိုက်လဲ.. ပါတ်ကြည့်ရင်း လူပျိုလှည့်ကြတဲ့

ဘော်ဒါတစ်အုပ်လဲ လွမ်းတယ် ..

သူများ အိမ်ထဲ ရှုးဒိုင်း ဝင်သွားလို့ တောင်ပန်ရတဲ့.. မျက်နှာငယ်လေးတွေ လွမ်းတယ်..

ကြယ်ပန်းလောက်ပဲ ဆော့တက်တဲ့ခလေးတွေ

လန့်လောက်အောင် ပေသီး ဖောက်ခဲ့တဲ့ ညတွေ လွမ်းတယ်..

မီးပုံးပျံကြီး တက်သွားရင် ကြည်နူးရတဲ့ ပီတိတွေလွမ်းတယ်...

လွမ်းတယ် ...

ဟိုး .. အရင်က သီတင်းကျွတ်ညတွေလွမ်းတယ် ...." ဟု သူ့ရဲ့ အရင်တုန်းက သီတင်းကျွတ်ညတွေကို လွမ်းမိတဲ့ အကြောင်း ပြောပြထားပါတယ်။

အမိုက်စားသီချင်းစာသားလန်းလန်းလေးတွေနဲ့ သီဆိုလေ့ရှိတဲ့ G-Fatt ဟာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားပြီး ဖြစ်ပါတယ်။ လတ်တလောအနုပညာလှုပ်ရှားမှုတွေအနေနဲ့ကတော့ ရှိုးပွဲတွေ တောက်လျှောက်ဆိုနေရပြီး Music MTV တွေမှာလည်း ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ အောက်တိုုဘာ(၇)ရက်နေ့က မြိတ်မြို့မှာ ပြုလုပ်ကျင်းပတဲ့ M-150 Music Concert ပွဲမှာလည်း သွားရောက်ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။