ပရိတ်သတ်ကြီးအတွက် မနေ့က ထုတ်လွှင့်ခဲ့တဲ့ The X- Factor ရဲ့ live show အစီအစဉ်လေး အကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ voting ပေးတဲ့အခါမှာ မှန်ကန်တဲ့ ဲရွေးချယ်မှုမျိုး ဖြစ်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ဒီတစ်ခေါက် သီဆိုသွားတဲ့ သီချင်းလေးတွေကတော့ Y2K Theme လေးဖြစ်တာမို့ ၂၀၀၀ခုနှစ်ဝန်းကျင်မှာ ရေပန်းစားခဲ့တဲ့ သီချင်းလေးတွေပဲဖြစ်ပါတယ်။

သဲထူး (Voting Number – X02) က “စားမှာပဲ” သီချင်းကို Performance ကောင်းကောင်းနဲ့ ကပြ သီဆိုသွားခဲ့ပါတယ်။ သီချင်းဆိုနေရင်း သရုပ်ဆောင်နေရပေမဲ့လည်း အမှားအယွင်းမရှိ သီဆိုနို်င်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကလို bottom မှာ မထိုင်ရဖို့ကတော့ သေချာသလောက်ရှိနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ကျော်ဇင်သန့် (Voting Number – X12) ကတော့ “မဆုံသောလမ်း” သီချင်းကို လမ်းဘေးပလက်ဖောင်းမှာ ခံစားချက်အပြည့်နဲ့ သီဆိုနေဟန်နဲ့ တင်ဆက်သွားခဲ့ပါတယ်။ Rocker တစ်ဦးလို့ လူသိများနေပေမဲ့ ဒီသီချင်း အေးအေးလေးနဲ့လည်း လိုက်ဖက်လို့ ပရိတ်သတ်တွေ အားပေးမှုကိုလည်း ရရှိခဲ့ပါတယ်။

M ဂျာဆိုင်းမိုင် (Voting Number – X07) ကတော့ သူမရဲ့ “စွဲလမ်းမှုပြသနာ” ကို သီချင်းလေးနဲ့ တင်ဆက်သွားပါတယ်။ သူမရဲ့ ပင်တိုင် ဒိုင်တစ်ဦးဖြစ်တဲ့ ဇမ်နူးကတော့ အရမ်းကို အားရခဲ့ပါတယ်။  

B4X (Voting Number – X04) အဖွဲ့ကတော့ “ဒီကချစ်လိုက်ရတာ” ဆိုတဲ့ တစ်ချိန်က အရမ်းကို နာမည်ကြီးခဲ့တဲ့ သီချင်းကို သီဆိုသွားခဲ့ပါတယ်။ အဖွဲ့အင်အားကြောင့် မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ သူတို့ရဲ့ သရုပ်ဆောင်ပုံ၊ ရိုးရှင်းတဲ့ ကကွက်လေးတွေက ဒီတစ်ပတ်မှာတော့ အရမ်းကို ချစ်စရာကောင်းခဲ့ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုနဲ့ သီချင်းလိုက်ဆိုသံတွေကို ကြားခဲ့ရတယ်လို့လည်း ပြောနိုင်ပါတယ်။

Purity (Voting Number – X09) ကတော့ ဒိုင်တစ်ဦးဖြစ်တဲ့ ငယ်ငယ်ရဲ့ အမာခံ အားပေးမှုကို ရရှိပြီးသား သူတစ်ဦးပဲဖြစ်ပါတယ်။ “နေမဝင်အလွမ်းများ” သီချင်းကို မကြားဖူးပေမဲ့လည်း လှလှပပ သီဆိုသွားနိုင်ခဲ့ပါတယ်။

G Mine Nar (Voting Number – X10) က ပြီးခဲ့တဲ့အပတ်က အသည်းကွဲပြီးပြီမို့ ဒီတစ်ပတ်မှာတော့ ကောင်မလေးတစ်ယောက်ကို ပြန်ချစ်တဲ့ ခံစားချက်မျိုးနဲ့ “ကလေးရယ်” သီချင်းကို ခံစားချက် အပြည့်နဲ့ သီဆိုသွားခဲ့ပါတယ်။ သီချင်းဆိုရုံအပြင် မင်းသားပါ လုပ်လို့ရပြီလို့လည်း ဒိုင်တွေက ချီးကျူးသွားခဲ့ပါတယ်။

လင်းချစ် (Voting Number – X01) က “မောင့်အကြောင်းများ” သီချင်း ကို သူမရဲ့ ချစ်လှစွာသော မောင်ရဲ့ ရှေ့မှာပဲ သီဆိုသွားခဲ့ပါတယ်။ သူမရဲ့ ချစ်သူက စင်ကာပူကနေ တကူးတက ပြန်လာပြီး ဒီပွဲကို လာရောက်အားပေးခဲ့တာကြောင့် အရမ်း ကျေးဇူးတင်မိပါတယ်လို့လည်း ပြောသွားခဲ့ပါတယ်။

David Derrick (Voting Number – X11) က “ရွာသာရွာပါမိုး” သီချင်းကို ထီးလှလှလေးတွေကြား အကလှလှလေးတွေနဲ့ ပုံဖော်သီဆိုရင်း တင်ဆက်သွားခဲ့ပါတယ်။ ရှက်နေတဲ့ ပုံစံလေးက သူရဲ့ စတိုင်လ်တစ်ခု ဖြစ်တယ်လို့ ဒိုင်လူကြီး ငယ်ငယ်ပြောခဲ့တာလည်း မမှားပါဘူး။ တကယ့်ကိုပဲ သူ့ရဲ့ ရှက်နေတဲ့ ပုံစံက ဆွဲဆောင်မှု ရှိပါတယ်။

ယမုံ (Voting number – X03) က “အလွမ်းများ ငြိမ်းစေသတည်း” သီချင်းကို သူမရဲ့ ခံစားချက်တွေနဲ့ အလွမ်းတွေကို ပရိတ်သတ်ကြီးတွေ သိအောင် အတွက် ဒီသီချင်းလေးနဲ့ ပုံဖော် တင်ဆက်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က ပရိတ်တ်တွေရဲ့ အားပေးမှုကို အပြည့်အဝ ရခဲ့တဲ့ မယ်လိုဒီခေါင် (Voting Number – X08) ကတော့ ဒိုင်တစ်ဦးဖြစ်တဲ့ ဇဝါ ကိုယ်တိုင် ရေးစပ်ထားတဲ့ “တမ်းတတဲ့ည” ဆိုတဲ့ သီချင်းလေးကို သီဆိုသွားခဲ့ပါတယ်။ တစ်ချို့သော ပရိတ်သတ်တွေကတောင် ဒီသီချင်းကို မကြားဖူးပေမဲ့ ကောင်းကောင်း သီဆို တင်ဆက်သွားနိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။

Oxygen (Voting Number – X06) အဖွဲ့က “တံခါးသစ်ဖွင့်လှစ်ခြင်း” သီချင်းကို သီဆိုသွားခဲ့ပါတယ်။ ဒီအဖွဲ့လေးရဲ့ ကြိုးစားအားထုတ်မှုနဲ့ တိုးတက်ပုံကလည်း တစ်ပတ်ထက် တစ်ပတ် ပိုပိုပြီး ကောင်းမွန်လာတယ်ဆိုတာ အမှန်ပါပဲ။

ပရိသတ်တွေ အနေနဲ့ မမေ့သင့်တဲ့ အကြောင်းအရာလေး တစ်ခုကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ ပြိုင်ပွဲဝင်ကို ဒီပြိုင်ပွဲမှာ ဆက်ရှိနေစေချင်တယ် ဆိုရင်တော့ လုံးဝကို vote ပေးဖို့ မမေ့ပါနဲ့နော်။ ဒီနေ့ညရဲ့ result show မှာလည်း ဘယ်အဆိုတော်က ဧည့်သည်အဆိုတော် အနေဖြင့် ပါ၀င်ဖျော်ဖြေ တင်ဆက်မလဲ ဆိုတာနဲ့ ဘယ်ပြိုင်ပွဲဝင်က အောင်မြင်မလဲ ဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုကြပါစို့ ….

သာယာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင် … <3 <3 <3 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။