အနုပညာလောကမှာသာမက ပညာရေးပိုင်းမှာပါ ထူးချွန်တဲ့ အနုပညာရှင်တွေထဲမှာ နန်းမြတ်ဖြိုးသင်းလည်း ပါဝင်ပါတယ်။ ပရိသတ်အခိုင်အမာရရှိထားတဲ့သူမဟာ အဆိုတော်အနေနဲ့ သီချင်းခွေတစ်ခုထွက်ရှိခဲ့သလို ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ထားသူဖြစ်ပါတယ်။

တလောကမှ ရုတ်တရက် မင်္ဂလာသတင်းကို ထုတ်ဖော်ပြောဆိုခဲ့တာကြောင့် ပရိသတ်တွေက အံ့သြခဲ့ကြပါတယ်။ ကိုးနှစ်ကြာတွဲခဲ့တဲ့ ချစ်သူနဲ့ လက်ထပ်မှာဖြစ်ပြီး ပရိသတ်တွေကတော့ ယခုလိုအချိန်အတော်ကြာတွဲခဲ့တာကို ချီးကျူးအားကျနေကြပါတယ်။

လက်ရှိမှာတော့ မကြာမီကျင်းမတော့မယ့် မင်္ဂလာပွဲအတွက် Pre Wedding ဓာတ်ပုံ ရိုုက်ကူးလို့နေပါတယ်။ မင်္ဂလာမောင်နှံအများစုရဲ့ စိတ်ကူးထဲက နေရာလေးတစ်နေရာဖြစ်တဲ့ ဂရိနိုင်မှာ ရိုက်ကူးနေတာဖြစ်ပြီး မင်္ဂလာပွဲကိုတော့ နိုဝင်ဘာလမှာ ကျင်းပသွားမှာဂဖြစ်တယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ.....

Photo Source: Naing Lin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။