Miss Grand  International  2017 ပြိုင်ပွဲအတွက် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် ရွှေအိမ်စည်အစား သွားရောက်ယှဉ်ပြိုင်နေတဲ့ အလှမယ်အေးချမ်းမိုး ကို ပရိသတ်ဝန်းရံမှုအားနည်းနေတာဖြစ်ပါတယ်။

လက်တလောလူမှုကွန်ရက်မှာ ဝေဖန်တိုက်ခိုက်မှုအချို့ကြုံနေရတဲ့ အေးချမ်းမိုးကို မင်းသမီးချော ပိုင်ဖြိုးသုကတော့ ၀န်းရံအားပေးမယ်လို့ Sunday ဂျာနယ်ကို ပြောပြခဲ့တယ်လို့သိရပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေရတဲ့ မင်းသမီးချောလေး ပိုင်ဖြိုးသု ဟာ အနုပညာလောကထဲတစ်ကျော့ပြန်ရောက်ရှိလာချိန်မှာ ယခင်ကထက် ပရိသတ်အားပေးမှုပိုများလာတာကိုတွေ့ရပါတယ်။

သုသုဟာရွှေအိမ်စည်ကို CRUSH ပေမယ့် အေးချမ်းမိုးအနေနဲ့ emotional support အများကြီးလိုအပ်နေမှာကို မိန်းမချင်း ကိုယ်ချင်းစာစိတ်နဲ့ ဝန်းရံပါတယ် လို့ သုသုက ပြောပါတယ်။   

Ref : Sunday 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။