မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဗီယက်နမ်နိုင်ငံမှာကျင်းပမယ့် Miss Grand International ပြိုင်ပွဲကို အလှမယ် အေးချမ်းမိုး တစ်ယောက် ရောက်ရှိနေပြီဖြစ်ပါတယ်။

လူမှုကွန်ရက်မှာ ဝေဖန်မှုတွေပြင်းထန်နေတဲ့ကြားက မြန်မာနိုင်ငံအတွက်အကောင်းဆုံးတွေယူခဲ့ပေးပါလို့ သူမကိုချစ်တဲ့ပရိသတ်တွေကတော့ ဆုတောင်းပေးနေကြပါတယ်။

Miss Grand Myanmar 2017 အဖြစ်ကနဦးရွေးချယ်ထားတဲ့ အလှမယ်ရွှေအိမ်စည်ဟာ အဖွဲ့စည်းရဲ့ဆုံးဖြတ်မှုအရ သရဖူရုတ်သိမ်းခံရပြီးနောက်မှာ သူမကို အိမ်စည်အစား သရဖူပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဆရာဝန်မလေးဖြစ်တဲ့ အလှမယ် အေးချမ်းမိုးဟာ Miss Universe 2013 အလှမယ်ဟောင်းဖြစ်ပြီး သရုပ်ဆောင်ဘက်မှာပါ ပရိသတ်အားပေးမှုတွေရရှိပြီးသားဖြစ်ပါတယ်။။  

စိတ်ဓာတ်ခွန်အားအနေနဲ့ အားပေးမှုတွေလိုအပ်နေတဲ့ သူမကို ၀န်းရံကြတဲ့ အနုပညာရှင်တွေလည်း ရှိနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်လေး အေးချမ်းမိုးရဲ့ ဗီယက်နမ်မှာ နိုင်ငံတကာMiss တွေနဲ့အတူ ကြည်ကြည်နူးနူးရိုက်ထားတဲ့ အမှတ်ရပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်

Source :AyeChanmoe fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။