အနုပညာရှင်ဆိုသည် မှာ မည်သည့် အပြုအမူ ဘဲလုပ်လုပ် ဝေဖန်မယ်ဆိုပြီး စောင့်နေတဲ့ သူတွေ ဟာ အမြဲရှိပါတယ်။ မိမိ ကြိုက်တဲ့ အနုပညာရှင် တစ်ယောက် လက်ထပ်တော့မယ်ဆိုတဲ့ သတင်းဟာလည်း ပရိသတ်တွေ အတွက်တော့ တုန်လှုပ်စရာကောင်းလောက်တဲ့ သတင်းတစ်ခုပါ။ ထို့ကြောင့်လဲ ဝိုင်းပြီး ရှုတ်ချမှုတွေ မတူမတန်ပြောဆိုမှုတွေ ခံခဲ့ရသော်လည်း ယခုဆိုရင်တော့ အားလုံးဝိုင်းပြီး အားကျခြင်းကိုခံနေရတဲ့ အနုပညာရှင်များ....

(၁) ချစ်သုဝေ နှင့် လင်းလင်း

ဖြူဖြူဖွေးဖွေး ချောချော မောမော ချစ်သုဝေ နှင့် အဆိုတော် လင်းလင်းတို့လက်ထပ်တော့မယ်ဆိုတဲ့ သတင်းဟာ ချစ်သုဝေ ပရိသတ်တွေ အဖို့ လင်းလင်းကို ဝိုင်းပြီး ရှုတ်ချခဲ့ကြပါတယ်။ သို့သော်လဲ ယခု အချိန်မှာတော့ လင်းလင်းရဲ့ ချစ်သုဝေ အပေါ်ကြင်နာမှုတွေ အမွှာပူး လေး မွေးပြီး ပျော်ရွှင်နေကြတဲ့ သူတို့မိသားစုကိုကြည့်ပြီး ဝိုင်းပြီးအားကျနေပါတော့တယ်။

(၂) သက်မွန်မြင့်နှင့် သူမယောက်ျား

အမြဲ ချစ်စရာကောင်းပြီး သရုပ်ဆောင်ကောင်းတဲ့ သက်မွန်မြင့်နှင့် သူမယောက်ျားကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ သက်မွန်မြင့် နှင့် သူမ ခင်ပွန်းလက်ထပ်မယ်ဆိုပြီး သတင်းထွက်ခဲ့တဲ့ အချိန်မှာ ကိုစစ်နိုင် ကိုကြည့်ပြီး ဝိုင်းပြီးဝေဖန်ခဲ့ကြပါတယ်။ သက်မွန်မြင့်ကိုလည်း ငွေနောက်လိုက်ပြီး ယူတယ်ဆိုပြီးပြောခဲ့ကြသော်လည်း ယခုဆိုရင် သားလေးနှင့် သမီးလေး ကို ပိုင်ဆိုင်ထားကြတဲ့ သူတို့မိသားစုကို အားကျနေကြပြီး သက်မွန်မြင့်ကိုလည်း သူမ ခင်ပွန်းက ဂရုစိုက်မှုအပေါ်ဝိုင်းပြီး ချီးကျူးနေကြပါတော့တယ်။

(၃) သင်ဇာနွယ်ဝင်း နှင့် သူမ ယောက်ျားကို စတီဗင်လှ

သင်ဇာနွယ်ဝင်းဟာဆိုရင်လည်း သူမ နှင့် သူမယောက်ျားလက်ထပ်မယ်ဆိုတဲ့ သတင်းအပေါ် အဆိုတော်ရဲ့ ဖန်တွေ ကဝိုင်းပြီးဝေဖန်ခဲ့ကြပါတယ်။ တချို့ တချို့တွေကလည်း သင်ဇာနွယ်ဝင်းက ဗိုက်ကြီးနေလို့ အလောတကြီး လက်ထပ်ကြတာလားဆိုပြီး ဝိုင်းဝန်းပြောဆိုမှုများရှိခဲ့ပါတယ်။ သို့သော်လည်း လက်ထပ်ပြီး ကိုစတီဗင်လှ ရဲ့ သင်ဇာနွယ်ဝင်းအပေါ်သဘောထားပုံ၊ ဆက်ဆံ ပုံတွေ တွေ့ရတဲ့ အခါပျိုမေတချို့ ကံကောင်းတယ်ဆိုုပြီးပြောနေကြလေရဲ့။

(၄) မိုးယုစံ နှင့် ကိုစွမ်းသူ

ဒီစုံတွဲ တွေထဲမှာ မိုးယုစံတို့ စုံတွဲကတော့ အဝေအဖန်ခံရဆုံးလို့ပြောလို့ရပါတယ်။ လက်ထပ်ခံနီး ထွက်ပေါ်လာတဲ့ မိုးယုစံရဲ့ အတိတ်ဟောင်းကြောင့် ဝိုင်းဝန်းဝေဖန်မှုများစွာရှိခဲ့ပါတယ်။ ထို့ အပြင် မိုးယုစံ တို့ ခမ်းခမ်းနားနားမင်္ဂလာဆောင်ခဲ့တဲ့ အပေါ်ကိုလည်း ဝိုင်းပြီးတော့ ပြောဆိုမှုတွေရှိသော်လည်း ယခုဆိုရင် ဝိုင်းပြီးအားကျကြနေတာတော့ အားလုံးသိကြမှာပါနော်။

ထို့ကြောင့် မိန်းကလေးတွေ အနေနှင့် မိမိအိမ်ထောင်ဖက် ကို ရွေးတော့မယ်ဆိုရင် ရုပ်ရည်ချောမောမှုထပ် မိမိ အပေါ်ဘယ်လောက် မေတ္တာ ရှိလဲ ဆိုတာ ပိုပြီး အဓိကထား၍ ကြည့်သင့်ပါတယ်။ လောကကြီးမှာ ဝေဖန်တဲ့ သူတွေကတော့ ဝေဖန်ကြမှာ ပါဘဲ။ သင်တို့အနေနှင့် မိမိဆုံးဖြတ်ချက် က ခိုင်မာတယ်ဆိုရင် ထို ဝေဖန်ချက်တွေကို ဂရုမစိုက်ဘဲ ရှေ့ ဆက်လျှောက်ဖို့ တိုက်တွန်းပါရစေနော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။