ရုရှား သမ္မတ ဗလာဒီမာပူတင် က မြောက်ကိုရီးယား ရဲ့ နျူးကလီးယား နဲ့ ဒုံးပျံ အစီအစဉ်တွေကို ရပ်တန့်ဖို့ အမေရိကန် အပါအဝင် နိုင်ငံတကာ အနေ နဲ့ မြောက်ကိုရီးယားကို စစ်ရေး အရ တိုက်ခိုက်ခြင်းဟာ မအောင်မြင်နိုင်ဘူး လို့ ရှရှား နိုင်ငံမှာ ကျင်းပတဲ့ စွမ်းအင် ဖိုရမ်တစ်ခု မှာ ပြောကြားလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ မြောက်ကိုရီးယားဟာ အလွန်လျို့ဝှက်တဲ့ နိုင်ငံဖြစ်ပြီး ဘယ်သူမှမသိနိုင်တဲ့ စစ်လက်နက်တွေကို ဖွက်ထားနိုင်တဲ့ အတွက်ကြောင့်ပါတဲ့။

ရှရှားဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် အဆိုပြုသလို မြောက်ကိုရီးယား ကို စစ်ရေးအရ တိုက်ခိုက်ဖို့ အကြံဉာဏ်ကို လုံးဝလက်မခံပါဘူး။ အဲ့ဒီ့အစား သံတမန်ရေးနည်းလမ်းနဲ့ စီးပွားရေး မက်လုံးများဖြင့်သာ မြောက်ကိုရီးယား အပေါ် စည်းရုံးလိုနေပါတယ်။ ရုရှား အနေနဲ့ လည်း မြောက်ကိုရီးယား ရဲ့ ဒုံးပျံ အစီအစဉ်တွေ အပေါ် စိုးရိမ်မှု ရှိပါတယ်။ မြောက်ကိုရီးယား ရဲ့ နျူးကလီးယား စမ်းသပ်တဲ့ နေရာများ ရဲ့ အကွာအဝေးဟာ ရုရှား နယ်စပ်နဲ့ ၁၂၄.၂၇ မိုင်မျှသာ ကွာဝေးတဲ့ အတွက်ကြောင့်ပါ။

ရုရှား သမ္မတ ဗလာဒီမာပူတင် က မြောက်ကိုရီးယား နဲ့ အမေရိကန် နှစ်နိုင်ငံ စလုံး တင်းမာမှုတွေ လျော့ချဖို့ တိုက်တွန်းသွားပါတယ်။ လက်ရှိမှာ ရှရှားနိုင်ငံအတွင်း လုပ်ကိုင်နေတဲ့ မြောက်ကိုရီးယား နိုင်ငံသား ၄၀၀၀၀ ရှိပြီး အဲ့ဒီ့ အလုပ်သမားတွေဟာ မြောက်ကိုရီးယား အာဏာပိုင်တွေ ထံ ပုံမှန်သူတို့ ရဲ့ လစာကို ပေးအပ်ရတယ်လို့ သတင်းတွေလည်းထွက်ပေါ်နေပါတယ်။

Source: Routers

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။