မြန်မာပြည်ရဲ့ Justin Biber ဆိုပြီး နာမည်ကြီးနေတဲ့ အဆိုတော် ဟိန်းမင်းသူကတော့ တိုးတိုးတိတ်တိတ် ဆိုတဲ့ သီချင်းလေးနဲ့ အတူ ပရိသတ်အားပေးမှုတွေရရှိလာတာဖြစ်ပါတယ်

MRTV4 မှာ ပျားရည်အိုင်ဆိုတဲ့ ဇာတ်ကားအပြင် ပြန်လည်ရိုက်ကူးထားတဲ့ တစ်ချိန်က အကယ်ဒမီစာရင်းဝင် “အရိပ်”ဇာတ်ကားကြီးမှာလည်း မင်းသမီးပန်းဖြူနဲ့အတူ ပါ၀င်သရုပ်ဆောင်ထားတဲ့ ဟိန်းမင်းသူ နဲ့ တွေ့ဆုံတုန်း သူ့ရဲ့ အနုပညာလှုပ်ရှားမှုလေးတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

ဒါ့ပြင်ဘယ်လို ဇာတ်ရုပ်မျိုးကို သရုပ်ဆောင်ရတာပိုသဘောကျလဲ ဆိုတဲ့ မေးခွန်းကို ဟိန်းမင်းသူက MyanmarLoad ကို အခုလို ပြောပြခဲ့ပါတယ်။

“ လူငယ်ဆန်တယ် အနေထိုင်ပွင့်လင်းတယ် အဲ့လိုကာရိုက်တာမျိုး ပြီးသွားရင် အဲ့ဒါမျိုးနဲ့ ကျွန်တော်က ပိုသင့်တော်တယ်လို့ ထင်တယ် ဒါပေမယ့် ကျွန်တော် တကယ်ရိုက်ချင်တာက အက်ရှင်ကားတွေ တကယ်ချရ သတ်ရတဲ့ ကားတွေကို သဘောပိုကျတယ် အဲ့ဒါမျိုးနဲ့ပိုသင့်တော်တယ်ထင်တယ် ဒါပေမယ့် ကျွန်တော့်ကို ဒါရိုက်တာ တစ်ယောက် ပြောဖူးတယ် မင်းက အဲ့ကားတွေနဲ့လုံးဝ မရဘူး မင်းရုပ်နဲ့ လုံးဝမဖြစ်နိုင်ဘူး အဲ့လိုပြောဖူးတယ် ကိုယ်အားသာတာကတော့ လူငယ်ဆန်ဆန်ဇာတ်ရုပ်ကို ပိုသဘောကျတယ်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြူအဖြစ် Master ဆုနှစ်ခုတောင်ရရှိထားတဲ့ မော်ဒယ်သရုပ်ဆောင် ဟိန်းမင်းသူဟာ သရုပ်ဆောင်ပိုင်းမှာလည်း လက်ဦးဆရာတွေဖြစ်တဲ့ မေသဥ္ဇာဦး ၊ ဇင်ဝိုင်း ဒါရိုက်တာဦးမင်းစိုးတို့ဆီမှာ သင်ယူလေ့လာနေတာဖြစ်တယ်လို့ ဆိုပါတယ်။

တိုးတိုးတိတ်တိတ် တစ်ကိုယ်တော်အခွေလေး ထွက်ရှိထားတဲ့ ဟိန်းမင်းသူ ကို ချစ်တဲ့ပရိသတ်တွေရှိလား။ 

#Stella (Myanmarload)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။