အူဝဲလို့ချစ်စနိုးခေါ်ကြတဲ့ အိန္ဒြာကျော်ဇင်တို့မိသားစုကတော့ ခွေးချစ်တတ်ပုံပါပဲ ။

အူဝဲရဲ့ တူမလေး မေတိုးခိုင်က သမီးလေး ပြေသုဒြာ မွေးနေ့အတွက် အကြိုလက်ဆောင် ခွေးလေးတစ်ကောင် ပေးလိုက်တယ်လို့ ဆိုပါတယ် ။

" Today is Dog day for our fambam ♥️♥️

ဒီနေ့တော့ ခွေးလေးတွေနေ့ပေါ့ ?? ထပ်တင်မယ်နော်. ဟီး အိမ်မှာ ဒီနေ့မယ်သုလေးအတွက် pre birthday present တစ်ကောင်ဝယ်ပေးတယ်. DORA တဲ့ သုံးကောင်ရှိပြီ ဘယ်လိုတွေဗြောင်းဆန်တော့မယ်ဆိုတာ ?? " လို့သူမကဆိုထားတာပါ ။

အူဝဲရဲ့ တူမလေး မေတိုးခိုင်က နိုင်ငံခြားမှာကျောင်းတက်နေရာက ပြန်လာပြီး ဒီမှာ အနုပညာအလုပ်တွေ လုပ်ကိုင်နေသူပါ ။ 

ရုပ်ရည် စကားပြောပုံလေးတွေ အူဝဲနဲ့ အရမ်းဆင်တယ်လို့ ပရိတ်သတ်တွေကြားထဲ လူပြောများနေတဲ့ သူမလေးက

နိုင်ငံခြားမှာဖက်ရှင်နဲ့ပါတ်သက်တဲ့ ဘာသာရပ်ကို သင်ကြားခဲ့တာမို့ ဖက်ရှင်နဲ့ပါတ်သက်လို့လည်း အလွန်ဖက်ရှင်ကျပါတယ်လို့

နာမည်ကြီးတဲ့ အဒေါ်ဖြစ်သူထက်မလျော့သူလဲဖြစ်ပါတယ် ။ 

မေတိုးခိုင်ကတော့ အူဝဲနဲ့လဲ နွေးနွေးထွေးထွေး နေတတ်သလို မောင်နှမတွေကိုလည်း

တော်တော်ချစ်ပုံရပါတယ် ။ ခုတော့ ပြေသုဒြာ လေးအတွက် ဆော့ဖော်တိုးသွားပါပြီ ...

အူဝဲနဲ့ မေတိုးခိုင်တို့ သုသုလေးအတွက် ခွေးလေးသွားဝယ်တဲ့ Video လေးကို အောက်မှာကြည့်လို့ရတယ်နော် ... 

သတင်းအရင်းမြစ် May Toe Khine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။