အိမ့်ချစ်ကတော့ ကချင်ပြည်နယ်မှာ သွားရောက်ဖျော်ဖြေပေးနေတဲ့ Show ပွဲမှာ ပရိတ်သတ်ဆီက ပုံမှန်မဟုတ်တဲ့ တောင်းဆိုမှု တစ်ခုကို လိုက်လျောခဲ့ပါတယ် ။

အိမ့်ချစ်ကို အားပေးတဲ့ ယောကျာင်္းလေးပရိတ်သတ်တစ်ယောက်က Show ပွဲဆိုတဲ့သုံးညစလုံးမှာ အကျီင်္ချင်းလဲဝတ်ဖို့ တောင်းဆိုခဲ့တာပါ ။

နောက်ဆုံးရက်မှာတော့ အိမ့်ချစ်က လိုက်လျောပြီး သူမဝတ်ထားတဲ့ ဂျာကင်လေးကို ချွတ်ပေးခဲ့ပါတယ် ။  

" သူ့ခမျာ ကိုယ့်ကိုချစ်လို့ နေ့တိုင်းလာအားပေးရှာတယ်

ပထမနေ့တည်းကဝတ်တဲ့ jacket အမဲကိုလာတောင်းတယ်

သူ့အကျႌနဲ့လဲမယ်ဆိုပြီး မရဘူးလို့ပြောလိုက်တယ်

ဒုတိယနေ့ကျ မိန်းမဆန်တဲ့ဝတ်စုံမို့ သူတောင်းမရရှာဘူး

ဒီနေ့နောက်ဆုံးညကျ သူထပ်လာတောင်းပြန်ရော

သူ့အကျႌနဲ့လဲမယ်ဆိုပြီး ဒါနဲ့ကိုယ်လဲသနားလို့

သနားတယ်ဆိုတာက ကိုယ့်ကိုညတိုင်း လာစောင့်ပြီး

ကိုယ်ဆိုမယ့် ည၁နာရီ ၂နာရီထိစောင့်အားပေးလို့ပါ

ပရိတ်သတ်ရဲ့မေတ္တာကို ဘယ်လောက်မှမတန်တဲ့

အကျႌလေးနဲ့မပျက်သွားစေချင်ဘူး သူတို့အားပေးမှုကို

ကိုယ့်အနေနဲ့ အသိအမှတ်ပြုပါတယ်ဆိုတာလေးလဲ

သိစေချင်လို့ ဒီနေ့တော့ ပေးလိုက်တယ် သူ့အကျႌလဲ

ဝတ်ထားလိုက်တယ် သူ့အကျႌလေးကအရက်နံ့လေးနဲ့

ချွေးနံ့လေးတွေရောလို့ ယောကျာ်းလေးဆိုတော့လဲ

သူ့ကိုမေးတယ် အမရဲ့ဒီိပြောင်ပြောင်လက်လက်

အကျႌကြီးဝတ်ပြီးဘယ်သွားမှာလဲဆိုတော့ သူက

အမသီချင်းဆိုတဲ့နေရာတွေလိုက်အားပေးမှာတဲ့

အပြောကတော့တယ်ကောင်း

(အကျႌက ကြိုက်လွန်းလို့ online ကမှာထားပြီး

ဝတ်တာတစ်ကြိမ်ပဲဝတ်ရသေးတယ် ??)

ပုံလေးတွေက အိမ့်ချစ်ပထမဝတ်ထားတဲ့ပုံရယ်

သူ့ကိုပေးလိုက်တော့ သူဝတ်ထားတဲ့ပုံရယ်

သူပြန်ပေးတဲ့သူ့အကျႌကိုဝတ်ထားတဲ့ပုံရယ်ပါ " လို့ဆိုပြီး ပုံလေးတွေ အမှတ်တရရိုက်ထားခဲ့တာပါ ။

ဒီလို အကျီင်္ချင်းလဲဝတ်ပေးတဲ့ အဆိုတော်ကတော့ သူမ ပထမဆုံးလို့ ဆိုရမှာပါ ။ တကယ်ပရိတ်သတ်ကို တန်ဖိုးထားတဲ့ သူပါပဲ ။  

သတင်းအရင်းမြစ် Eaint Chit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။