မှားယွင်းတဲ့လူနေမှုပုံစံကြောင့်ဖြစ်စေ၊ ရှောင်လွဲလို့မရတဲ့ သဘာဝ ပတ်ဝန်းကျင်ကြောင့် ဖြစ်စေ မျက်နှာ အသားအရေက ကြမ်းတမ်းပြီး ပျက်စီးတတ်ပါတယ်။ အဲ့ဒီလို ထိခိုက်ပျက်စီးပြီးဆိုရင် စိတ်အနှောင့်အယှက် ဖြစ်ရတာလည်း မလွဲဧကန်ပါပဲ။ ဒီကြုံတွေ့ရမှုမျိုးကို သက်သာပျောက်ကင်းဖို့အတွက် ငွေကြေးအကုန်လည်း ရှိနိုင်ပါတယ်။ ဒီလိုမဖြစ်ရလေအောင် ငွေကြေးအကုန်အကျ အရမ်းနည်းပြီး မျက်နှာအသားအရေ ကောင်းမွန်ဖို့အတွက် လွယ်ကူလှတဲ့ နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။

(၁) သံပရိုသီး

သံပရိုသီးကို အရည်ညှစ်ပြီးနောက် မျက်နှာပေါ် လိမ်းပေးပါ။ ထို့နောက် (၁၀)မိနစ် ကြာအောင် လိမ်းပြီးနောက် ရေအေးနဲ့ မျက်နှာသစ်ပေးပါ။ တစ်ရက်ခြားတစ်ခါလောက် ပြုလုပ်ပေးခြင်းဖြင့် ရက်အနည်းငယ်ကြာလာတဲ့အခါ မျက်နှာအသားအရေပေါ်က အဖုအပိန့်တွေ သိသိသာသာ ပျောက်ကင်းလာပြီး အသားအရေက ဖြူဖွေးဝင်းမွတ်လာမှာ ဖြစ်ပါတယ်။ 

(၂) နနွင်း

နနွင်းကို ပျစ်နေအောင် ရေနှင့်ရောပြီးနောက် မျက်နှာပေါ်သို့ လိမ်းကျံပါ။ (သန့်ရှင်းတဲ့ နနွင်းဖြစ်ဖို့ လိုပါတယ်။) မိနစ် ၃၀ ကြာ ထားပြီးနောက် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။ သဘာဝ အကောင်းဆုံး ကုထုံးဖြစ်တာကြောင့် မျက်နှာအသားအရေအတွက် များစွာ အထောက်အကူ ပေးပါတယ်။

(၃) ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ် အခွံများကို ခွာ၍ အနှစ်ကို မျက်နှာပေါ် လိမ်းပေးပါ။ ထိုအနှစ်များ မျက်နှာပေါ်မှာ ခြောက်သွားပြီဆိုရင်တော့ ရေအေးနဲ့ မျက်နှာသစ်ပါ။ ထိုနည်းလမ်းကို မကြာခဏ ပြုလုပ်ပေးခြင်းဖြင့် မျက်နှာအသားအရေ ချောမွတ်စေပါလိမ့်မယ်။ 

(၄) မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါ (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) နှင့် ရေ တို့ကို ဆတူရောပြီး မွှေပေးပါ။ ထိုအနှစ်အား မျက်နှာပေါ်သို့ လိမ်းပြီး ၁၅ မိနစ်ခန့် ထားပါ။ ထို့နောက် ရေအေးနှင့် မျက်နှာသစ်ပေးပါ။

(၅) သခွားသီး

သခွားသီးကို ပါးပါးလှီးပြီးနောက် မျက်နှာပေါ်သို့ ကပ်ပေးပါ။ လတ်ဆတ်ပြီး ခြံထွက်သခွားသီးဆိုရင် ပိုပြီး သင့်တော်ပါတယ်။ ဘယ်လို ဆိုးကျိုးမှ မရှိတာကြောင့် နေ့တိုင်း ပြုလုပ်ပေးလို့လည်း ရပါတယ်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် မျက်နှာအသားအရေကို ၀င်းမွတ်တောက်ပစေပြီး လှပ ချောမွတ်စေပါတယ်။

Reference: go fit stay fit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။