အချို့ မိန်းကလေးတွေရဲ့ မျက်နှာပြင်မှာ နှုတ်ခမ်းဝိုက် နားမှာပဲ ဖြစ်ဖြစ်၊ ပါးပြင်နဲ့ နားထင်နားတွေမှာပဲ ဖြစ်ဖြစ် အမွှေးလေးတွေ ရှိနေတတ်ပါတယ်။ တစ်ခါတစ်လေ သူငယ်ချင်းတွေက စနောက်ကြလို့လည်း စိတ်အနှောင့်အယှက် ဖြစ်ရတတ်ပါတယ်။ ဒီအမွှေးလေးတွေကို ရိတ်ပစ်မယ်ဆိုရင်လည်း ပိုပြီး များလာတတ်ပါတယ်။ ဒီလို အခက်အခဲတွေမှ ဖြေရှင်းနိုင်မဲ့ နည်းလမ်းကောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ လွယ်ကူပြီး ရိုးရှင်းတဲ့ နည်းလမ်းမို့ စမ်းသပ်ကြည့်ဖို့လည်း တိုက်တွန်းချင်ပါတယ်။

နည်းလမ်း (၁)

နနွင်း (လက်ဖက်ရည်ဇွန်း တစ်ဝက်)

ဂျုံ (လက်ဖက်ရည်ခွက် တစ်ဝက်)

နွားနို့ (အနည်းငယ်) သုံးစက်မျှသာ

စသည်တို့အား ရောမွှေပြီးနောက် မျက်နှာပေါ်မှာ လိမ်းပေးပါ။ မိနစ် ၂၀ ခန့် အခြောက်ခံ ထားပြီးနောက် ရေဆေးလိုက်ပါ။ ထိုသို့ မကြာခဏ ပြုုလုပ်ပေးခြင်းဖြင့် မျက်နှာပေါ်က အမွှေးတွေ ရှင်းသွားမှာပဲ ဖြစ်ပါတယ်။ 

နည်းလမ်း (၂)

သံပရိုရည် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း)

ရေ (အနည်းငယ်)

ဂျံုမှုန့် (လက်ဖက်ရည်ဇွန်း ၃ ဇွန်း)

အဆိုပါ ပါ၀င်ပစ္စည်းများအားလုံးကို ပျစ်နှစ်သွားတဲ့အထိ ရောသမအောင် မွှေပြီးနောက် မျက်နှာပေါ်သို့ မိနစ် ၃၀ ခန့် လိမ်းထားပါ။ ထို့နောက် တစ်ရှုးနှင့် ဖယ်ရှားပြီး မျက်နှာသစ်ပါ။ ထိုနည်းလမ်းကို တစ်ပတ်မှာ တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ် ပြုလုပ်ခြင်းဖြင့် မျက်နှာပေါ်က အမွှေးတွေကို ဖယ်ရှား ပျောက်ကင်းစေမှာပဲ ဖြစ်ပါတယ်။

နည်းလမ်း (၃)

ကြက်ဥ အကာ (ကြက်ဥ တစ်လုံးခန့်စာ)

ပြောင်းမှုန့် (အနည်းငယ်)

သကြား (လက်ဖက်ရည်ဇွန်း တစ်ဇွန်း)

အထက်ပါ နည်းလမ်းများအတိုင်း အားလုံးကို ရောမွှေပြီးနောက် မျက်နှာပေါ်က အမွှေးပေါက်နေသော နေရာကို လိမ်းပေးပါ။ ထို့နောက် အနှစ်များအား ခြောက်တဲ့အထိ ထားပေးပါ။ နောက်ဆုံးမှာတော့ အမွှေးပေါက်တဲ့ ဆန့်ကျင်ဘက် လားရာအတိုင်း ထို ခြောက်သွေ့နေသော အနှစ်ကို ခွာချပါ။

Reference: go fit stay fit 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။