နယ်သာလန်အသင်းကတော့ လက်ရှိအချိန်မှာ ခြေစွမ်းတွေ ကျဆုံးနေပါတယ်။ အသင်းလိုက် စုဖွဲ့မှုကလည်း ညံ့နေပါတယ်။ ကစားသမားမျိုးဆက်ကလည်းပျောက်ဆုံးနေပါတယ်။ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ လည်း ၀င်ခွင့်မရခဲ့ပါဘူး။ အသင်းအနေဖြင့် စိတ်ဓာတ်ပိုင်းတွေလည်း ပျောက်ဆုံးလာတာကို တွေ့ရှိရပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာလည်း ကမ္ဘာကဖလားမကန်ရတော့ဖို့ ကျိန်းသေသလောက်ဖြစ်နေပါပြီ။ ဆွီဒင် အသင်းဟာ ယမန်နေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ လူဇင်ဘတ် အသင်းကို ၈ ဂိုးပြတ် သွင်းယူပြီး အုပ်စု A ရဲ့ ဒုတိယနေရာကို ဆက်လက် ရယူထားနိုင်ခဲ့ပြီးဆွီဒင်ရဲ့ ဂိုးပြတ်နိုင်ပွဲဟာ အုပ်စု တတိယ နေရာမှာ ရှိနေတဲ့ နယ်သာလန် အသင်းအတွက် များစွာ အကျပ် ရိုက်စေခဲ့ပြီး အုပ်စု နောက်ဆုံးပွဲစဉ် မှာ မဖြစ်မနေအနိုင် ကစားရုံသာမက ဂိုးမိုးပါရွာဖို့လိုအပ်သွားခဲ့ရပြီ ဖြစ်ပါတယ် ။ နယ်သာလန် ဟာ အုပ်စု အေ ရဲ့ တတိယနေရာမှာ ဆွီဒင် အသင်းနဲ့ ၃ မှတ် အကွာ မှာရှိနေခဲ့ပြီး ခြေစစ်ပွဲ နောက်ဆုံးပွဲစဉ် မှာ ဆွီဒင် အသင်းကို အိမ်ကွင်း အမ်စတာဒမ် မှာ လက်ခံကစားရမှာဖြစ်ပါတယ် ။

ဆွီဒင် ဟာ နယ်သာလန် ထက် ၃ မှတ် အပြင် ဂိုးကွာခြားချက် လည်း +၁၉ ရှိနေတာကြောင့် ဂိုးကွာခြားချက် +၇ သာ ရှိတဲ့ နယ်သာလန် အနေဖြင့် အနည်းဆုံး ရ ဂိုးပြတ် နဲ့ နိုင်အောင် ကစားနိုင်ပါမှ Play-off ကစားခွင့်ကို မျှော်လင့်နီုင်တော့မှာဖြစ်ပါတယ် ။ အာဂျန်ရော်ဘင်က "ဒါဟာကျွန်တော်တို့ကိုနာကျင်စေပါတယ်။ ဒီဟာအားကစားရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ ဆွီဒင်ရဲ့ရလဒ်ကြောင့်ကျွန်တော်တို့ ဘေးထွက်ထိုင်တာကလွဲလို့ဘာမှလုပ်မရတော့ပါဘူး။ သူတို့လူဇင်ဘတ်ကို၈ဂိုးပြတ်နဲ့နိုင်ခဲ့ပေမယ့်ကျွန်တော်တို့သူတို့ကိုရဂိုးပြတ်နဲ့အနိုင်ယူတယ်ဆိုတာဖြစ်လာနိုင်မှာမဟူတ်ပါဘူး။ ဆွီဒင်ကိုရဂိုးပြတ်နဲ့နိုင်မှရမယ်ဆိုတာတော့ကျွန်တော်တို့အတွက်ကြီးမားတဲ့အလုပ်တစ်ခုပါပဲ။ သူတို့နဲ့ပထမအကျော့မှာကျွန်တော်တို့်အခွင့်အရေးသိပ်မရခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ကမ္ဘာ့ဖလားမျှော်လင့်ချက်ကတော့ပြီးဆုံးသွားခဲ့ပါပြီ။ " လို့ပြောသွားပါတယ်။

Source – Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။