အကြောင်းအရာလေးဖတ်ကြည့်မိတော့ စိတ်ဝင်စားစရာကောင်းတာတွေ့ရမှာဖြစ်ပါတယ်။ဒီငါးကတော့ တာင်အမေရိက ရေချိုပိုင်းမှာ ကျင်လည်ကျက်စားတဲ့ ငါး မျိုးစိတ် တစ်မျိုး ဖြစ်ပါတယ်။အမျိုးသား တွေရဲ့ အဓိကနေရာကို ကိုက်ဖြတ်တတ်တဲ့ ငါးလို့ အသိအမှတ်ပြုထားတာကိုလည်းတွေ့ရပါတယ်။ 

ဒီငါးကို တော့ အမေဇုန်မြစ်နဲ့ အော်ရီနိုကိုမြစ်တွေမှာ အဓိကတွေ့ရပြီး အခုနောက်ပိုင်းတော့ နယူးဂီနီနဲ့ ဥရောပ အချို့ဒေသတွေမှာပါ တွေ့ရမှာဖြစ်ပါတယ်။ပရန်းညား( Piranha) ငါး မျိုးစိတ် ဝင်ငါးဖြစ်ပြီး စက္ကန့်ပိုင်းအတွင်း အရိုးထိအောင်ကိုက်ဖြတ်တတ်တဲ့ နာမည်ကျော်အသားစားငါး ဖြစ်ပါတယ်။ 

ဒီငါးရဲ့အရွယ်အစားကတော့ တခါတစ်ရံမှာတော့ ၃ ပေခွဲခန့်အရှည်နဲ့ ၈၈ ပေါင်ခန့် ကြီးမားတဲ့ အကောင်တွေကိုတွေ့ရတက်တယ်လို့လည်းဖော်ပြထားပါတယ်။နောက်ထပ်ထူးခြားတာကတော့ ပါကူငါး တွေဟာ ထူးထူးခြားခြား ယောကျ်ား တွေရဲ့လိင်အင်္ဂါ ကို ကိုက်ဖြတ်တတ်လေ့ရှိတာပါပဲလို့ဖော်ပြထားပါတယ်။

သတင်းအရင်းအမြစ်-Ye Thi Ha

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။