မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်မှာ လစ်သူရေးနီယား အသင်းကို အင်္ဂလန်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ရှိခဲ့တာလည်းဖြစ်ပါတယ်။နောက်တဆင့်ကို တတ်ရောက်သွားခဲ့ပြီဖြစ်တဲ့ အင်္ဂလန်အသင်းအတွက်တော့ သက်သက်သာသာ အနိုင်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင် ပုံစံကောင်းဆက်တိုက်ပြသနေတဲ့ ဟာရီကိန်းဟာလည်း ရပ်တန့်လို့မရသေးတာလည်းဖြစ်ပါတယ်။ 

အင်္ဂလန်အသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ဟာရီကိန်း၊ အလီ၊ ရက်ဖို့စ်၊ ခရက်စ်ဝဲ၊ ဟယ်ရီဝင့်ခ်၊ ဟန်ဒါဆန်တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။လစ်သူရေးနီယားအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဆာနက်၊ ဆလစ်ကာ၊ ဆာညက်၊ ဗာဘစ်ကတ်၊ နိုဗီကိုဗက်၊ ဇူးပါး တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။မျှော်လင့်ချက်တွေကုန်ဆုံးနေပြီဖြစ်တဲ့ လစ်သူရေးနီယား အသင်းကိုတော့ အင်္ဂလန်အသင်းက စိတ်ကြိုက်ပုံစံနဲ့ ကစားခဲ့တာလည်းဖြစ်ပါတယ်။ 

အင်္ဂလန်အသင်းရဲ့အဖွင့်ဂိုးကိုတော့ ၂၇ မိနစ်မှာ ဟာရီကိန်းကပယ်နယ်တီကနေတဆင့် ကန်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။အင်္ဂလန်အသင်းဟာ ဂိုးပေါက် အကြိမ် ၂၀ လောက်ကန်သွင်းခွင့်ရရှိခဲ့ပေမဲ့လည်း ၁ ဂိုးနဲ့သာကျေနပ်ခဲ့ရတာလည်းဖြစ်ပါတယ်။ဒီနေ့ပွဲရဲ့ အကောင်းဆုံးကစားသမားဆု Man Of The Match ကိုတော့ ဟယ်ရီဝင့်ခ် က ရရှိခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။