အာဆင်နယ်ကစားသမား မူစတာဖီကတော့ ဒဏ်ရာရခဲ့ပါတယ်။ မူစတာဖီကတော့ အာဆင်နယ်အသင်း၏ အားထားရတဲ့ ကစားသမားပါ။ မူစတာဖီအနေနှင့် ဂျာမနီအသင်းတွက် ကစားပေးတုန်း ဒဏ်ရာရခဲ့တာပါ။ ဂျာမနီအသင်းကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်ခံပြီဖြစ်ပါတယ်။ 

သို့သော် မူစတာဖီက အဇာဘိုင်ဂျန်နှင့်ပွဲမှာ ဒဏ်ရာရခဲ့ပါတယ်။ ဂျာမနီက အာဇာဘိုင်ဂျန်ကို ၅-၁ဂိုးဖြင့် ဒဏ်ရာရခဲ့တာပါ။ ဂျာမဏီဟာ အဇာဘိုင်ဂျန် အသင်းကို ၅-၁ ဖြင့် အနိုင် ကစားကာ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုဆင့်ကို အဆုံးသတ်နိုင်ခဲ့ပေမယ့် မူစတာဖီ ဒဏ်ရာရရှိခဲ့တာကတော့ စိတ်မကောင်းစရာဖြစ်ခဲ့ရတယ်လို့ နည်းပြ ဂျိုအာချင်လိုး က ပြောဆိုခဲ့ပါတယ် ။ ဒါ့အပြင် မူစတာဖီ ရဲ့ အနေအထားဟာ ကာလအနည်းငယ် အနားယူရ နိုင်တဲ့ ပုံစံမျိုးလည်းဖြစ်နိုင်တယ်လို့ ဂျိုအာချင်လိုး ကဆိုသွားခဲ့ပါတယ် ။

ဂျိုအာချင်လိုက “မူစတာဖီ က ကြွက်သားစုတ်ပြဲတဲ့ ဒဏ် ဖြစ်သွားခဲ့တာလို့ ထင်မိပါတယ် ။ တံကောက်ကြောကြွက်သားနေရာ လောက်မှာပါ ။ သူ့အတွက် ကုသမှုတွေပြုလုပ်ပေးနေပြီး ဆေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို စောင့်ဆိုင်းနေပါတယ် ။ သူ အချိန် အနည်းငယ်တော့ အနားယူရတော့မယ်ထင်ပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ် ။ အာဆင်နယ်အသင်းအနေဖြင့် လာမည့်ပွဲအဖြစ် အဝေးကွင်းမှာ ၀က်ဖို့ဒ်နှင့် ကစားရဖို့ရှိနေပါတယ်။

Source – Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။