မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်မှာ ဂျာမနီအသင်းက အဇာဘိုင်ဂျန်အသင်းကို ၅ ဂိုး ၁ ဂိုး နဲ့ အိမ်ကွင်းမှာ ဂိုးပြတ်သွင်းယူပြီး အနိုင်ရရှိခဲ့ပါတယ်။နောက်တဆင့်ကိုအစောဆုံးတတ်ရောက်ခဲ့တဲ့ ဂျာမနီအသင်းဟာ ဒီနေ့ပွဲမှာလည်း ပုံစံကောင်းဆက်တိုက်ပြသနိုင်ခဲ့ပြီး ဂိုးသွင်းခြေစွမ်းတွေပြသနေဆဲလည်းဖြစ်ပါတယ်။အဇာဘိုင်ဂျန်အသင်းကတော့ ရမှတ် ၁၀ မှတ်သာရရှိထားခဲ့ကာ မျော်လင့်ချက် ကုန်ဆုံးခဲ့ပြီလည်းဖြစ်ပါတယ်။

ဂျာမနီအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂေါ်ရက်ကာ၊ စတင်ဒယ်၊ ဝဂ်ဂနာ ၊ အမ်မရီကန်၊ ဆာနေး၊ ဘရန့်ဒ်၊ သောမက်မူလာတို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။အဇာဘိုင်ဂျန်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ရှေးဒဗ်၊ အစ်စမေရီလော့၊ ဟုဆက်နော့၊ အမီလီဂူလီရက်၊ အယ်မန်ဒါ၊ မီဇာဗီကော့ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဂျာမနီအသင်းဟာ ဂိုးပေါက် ၂၂ ကြိမ်ကန်သွင်းခဲ့ရာမှာ ၅ ဂိုး ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဂျာမနီအသင်းရဲ့ အဖွင့်ဂိုးကိုတော့ ပွဲစလို့ ၈ မိနစ်မှာပဲ ဂေါ်ရက်ကာ ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၃၄ မိနစ်မှာတော့ ရှေးဒဗ် က အဇာဘိုင်ဂျန်အတွက်ချေပဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။၅၄ မိနစ်မှာတော့ ဝဂ်ဂနာက ဂျာမနီအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး ၆၄ မိနစ်မှာ ရူဒီဂါက ဂျာမနီအတွက် တတိယဂိုးသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၆၆ မိနစ်မှာတော့ ဂေါ်ရက်ကာက လေးဂိုးမြောက်ဂိုးကို သွင်းယူပေးခဲ့ပြီး နောက်ဆုံးဂိုးကိုတော့ ၈၁ မိနစ်မှာ အမ်မရီကန် ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။