ဒီနည်းလမ်းလေးကတော့ ပရိသတ်တွေအတွက် နည်းလမ်းကောင်းလေးဖြစ်မယ်ထင်ပါတယ်။သဘာဝပစ္စည်း များကိုအသုံးပြုပြီး အသားအရေ ထိန်းသိမ်းစောင့်ရှောက်သည့်နည်းလေးဖြစ်ပါတယ်။အသားညိုလို့စိတ်ညစ်သူတွေအတွက် ဒီနည်းလေးကြောင့် ပျော်ရွှင်မှုတွေရရှိလာမယ်လို့ထင်ပါတယ်။

သင့် ကျန်းမာရေး အတွက် စားသောက်ပုံစံ၊ အမူအကျင့်တွေပါ ထည့်သွင်းစဉ်းစားသောနည်းလေးဖြစ်ပါတယ်။အဓိကကတော့ နေလောင်ခြင်း ကလည်း သင့် အသားအရေ မည်းညစ်စေပါတယ်။ လိုအပ်သောအာဟာရများမပါဘဲ ကျန်းမာစွာမစားသောက်ခြင်းဟာလည်း အသားအရေပျက်စီးစေသော နောက်တစ်ချက်ဖြစ်တယ်။ တကယ်လို့ အသားဖြူလိုပါက အိမ်တွင်းအသားဖြူပစ္စည်းတွေ သုံးတာအပြင် နေထိုင်မှုပုံစံပါပြောင်းရပါလိမ့်မယ်။ လိုအပ်သောပြောင်းလဲမှုများလုပ်ပြီး လိုအပ်သောအရာများ ပုံမှန်အသုံးပြုပါက အသားရောင်ဝင်းဝါလာနိုင်ပါတယ်။ 

နည်းလမ်းလေးတွေကတော့

ဒိန်ချဉ်

နို့ထွက်ပစ္စည်း ဒိန်ချဉ် ဟာ အရေပြား အတွက်ကောင်းသော ပစ္စည်းအများအပြားပါပါတယ်။ အရောင်ချွတ်နိုင်သော lactic acid လည်းပါတယ်။

လိမ္မော်သီး

အသားအရေစောင့်ရှောက်ဖို့ အရေးကြီးဆုံး ပစ္စည်း က ဗီတာမင်-စီဖြစ်တယ်။ လိမ္မော်သီး တွေမှာ ကြွယ်ဝစွာ ပါပါတယ်။ ဒါ့အပြင် လိမ္မော်သီး တွေမှာ သင့် အသားအရေ ဝင်းစေသော အရောင်ချွတ်သတ္တိလည်း ပါတယ်။ လတ်ဆတ်သောလိမ္မော်သီး ပုံမှန်စားပေးခြင်းဟာ အသားအရေ ကိုကောင်းစွာအထောက်အပံ့ပေးနိုင်ပြီး ချောမွေ့စေပါတယ်။

ကုလားပဲမှုန့်

ကုလားပဲမှုန့် ဟာ အသားဖြူ လိုသူများအတွက် အကောင်းဆုံး ပစ္စည်း တစ်မျိုးဖြစ်တယ်။ အသားအရေကျန်းမာစေသော ပါဝင်ပစ္စည်းအမျိုးမျိုးပါပါတယ်။

ပျားရည်

ပျားရည် ဟာ အသားအရေ ဝါဝင်းစေရုံသာမက စိုပြေစေပါတယ်။ အသားခြောက်ခြင်းဟာ အသားရောင်မညီညာခြင်းကိုဖြစ်စေနိုင်တယ်။ ပျားရည် မှာ အမည်းစက်များ၊ ဝက်ခြံ အမာရွတ် များလျော့စေသော ဘတ်တီးရီးယားနိုင်သည့် အာနိသင်လည်းရှိပါတယ်။

သံပုရာသီး ၊ ရှောက်သီး

သံပုရာသီး ၊ ရှောက်သီး တွေက အက်စစ်သတ္တိ ဟာ အသားရောင် ဝင်းစေသော ဂုဏ်သတ္တိရှိပါတယ်။ ဗီတာမင်-စီလည်းကြွယ်ဝတာကြောင့် ဆဲလ်အသစ်ဖြစ်ခြင်းကိုလည်း အားပေးတယ်။ antioxidants အာနိသင်လည်းရှိတာကြောင့် အသားအရေအတွက်အလွန်ကောင်းမွန်ပါတယ်။

ဒီနည်းလမ်းလေးတွေနဲ့ ကျန်းမာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နိုင်ပါစေ။ကျေးဇူးအများကြီးတင်ပါတယ်....................

သတင်းအရင်းအမြစ်-Dr.Aye Myat Myat Noe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။