ဂျပန်နိုင်ငံရှိ ပြည်သူ့ရုပ်သံလွှင့်ဌာန (အင်န်အိတ်ချ်ကေ) တွင် နိုင်ငံရေးသတင်းများကို ရယူပေးနေသော အသက် ၃၁ နှစ်ရှိ အမျိုးသမီး သတင်းထောက် မီဝါဆာဒိုသည် တစ်လလျှင် အချိန်ပို ၁၅၉ နာရီ အလုပ် လုပ်ပြီးနောက် ရုတ်တရက်နှလုံးခုန်ရပ်ပြီး သေဆုံးသွားသော ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။

မီဝါဆာဒိုသည် သူမ၏အိပ်ရာ ထက်တွင် လက်ကိုင်ဖုန်းကို တင်းတင်း ဆုပ်ရင်း ၂ဝ၁၃ ခုနှစ် ဇူလိုင်လတွင် သေဆုံးနေသည်ကို တွေ့ခဲ့ရသည်ကို သိခဲ့ရပါတယ်။ ထို့နောက် အင်န်အိတ်ချ်ကေဥက္ကဋ္ဌသည် သူ၏ မိဘများကို အိမ်၌တွေ့ဆုံခဲ့ပြီး တောင်းပန်စကား ပြောကြားခဲ့ပါတယ်။  

သူမသေဆုံးပြီး တစ်နှစ်အကြာတွင် အစိုးရဘက်မှ သေဆုံးရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးပြီးနောက် သူမသေဆုံးခြင်းသည် အချိန်ပိုအလွန်အမင်းလုပ်ဆောင်ရခြင်းနှင့် သက်ဆိုင်မှုရှိကြောင်း သိခဲ့ရပါတယ်။ သူမ မသေဆုံးခင်လတွင် နားရက် နှစ်ရက်သာယူခဲ့ကြောင်းကိုလည်း သိရှိခဲ့ရပါတယ်။ 

အဆိုပါကိစ္စ ထပ်မံ မဖြစ်ပေါ်ရေး အတွက် အင်န်အိတ်ချ်ကေသတင်း ဌာနသည် လေးနှစ်ကြာပြီးနောက် အဆိုပါဖြစ်စဉ်ကို ပြည်သူလူထုကို ချပြခဲ့ပါတယ်။ ထိုဖြစ်စဉ်မျိုးကဲ့သို့ပင် ယခုတစ်ဖန် ဂျပန်နိုင်ငံတွင် ပြန်လည်ခေတ်စားလာခဲ့ပါတယ်။ အချိန်ပိုအလုပ်လွန် ခြင်းကြောင့်သေဆုံးခြင်းကို ဂျပန်နိုင်ငံ၏ အလုပ်ချိန်ပိုလုပ်ခြင်းဓလေ့ ကိုဆန့်ကျင်နေတဲ့ အင်န်အိတ်ချ်ကေ လို သတင်းဌာနအတွက် နမူနာယူစရာ ကိစ္စတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံ၏ အလုပ်သမားဝန်ကြီးဌာနမှလည်း အင်န်အိတ်ချ်ကေကို အလုပ်ချိန်ကို ပြန်လည်ခန့်ခွဲပြီး အလုပ်ချိန်ကြာမြင့်စွာလုပ်ခြင်းကို လျှော့ချရန် တိုက်တွန်း ထားကြောင်း၊ ထိုကဲ့သို့သော ဝမ်းနည်းဖွယ်ကောင်းတဲ့ ဖြစ်ရပ်မျိုး နောက်တစ်ဖန် မဖြစ်စေလိုကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

သတင်းအရင်းအမြစ် - မြန်မာ့အလင်း (အေအက်ဖ်ပီ) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။