အာဆီယံဂုဏ်ဆောင်ခဲ့တဲ့ထိုင်းအသင်း

ထိုင်းအသင်းဟာအာဆီယံဘောလုံးလောကရဲ့

ဘုရင်ပါ။အာဆီယံဘောလုံးဘုရင်ထိုင်းအသင်းဟာ

အဖရိကတိုက်ကကင်ညာအသင်းကိုမနေ့ညက

ဘန်ကောက်မှာအနိုင်ကစားပြီးအာဆီယံဘောလုံးအဆင့်

အတန်းကိုပြသသွားခဲ့ပါတယ်။ကင်ညာဆိုတာ

ထိုင်းထက်ကမ္ဘာ့အဆင့်မြင့်ပြီးခြေစွမ်းမြင့်ကစား

သမားတွေပါဝင်ပေမယ့်ထိုင်းအသင်းဟာရွပ်ရွပ်ချွံချွံပဲ

တစ်ဂိုးဂိုးမရှိနဲ့အနိုင်ရရှိအောင်ကစားသွားခဲ့ပါတယ်။

ထိုင်းဟာကိုယ့်ထက်ခြေစွမ်းမြင့်မားတဲ့ကင်ညာကို

သရေရလဒ်ကိုဦးတည်ပြီးရင်ဆိုင်ကစားခဲ့တာပါ။

ကင်ညာနဲ့ပွဲမှာလည်းတိုက်စစ်ဖွင့်ကစားဖို့ထက်

ကောင်တာပုံစံပဲကစားခဲ့တာပါ။ဒီပွဲမှာထူးခြားချက်

တစ်ခုကထိုင်းအသင်းမှာဝါရင့်ကွင်းလယ်လူ

သောင်ဂလိုပြန်ပါလာခဲ့တာပါ။သောင်ဂလိုပြန်ပါလာတဲ့

အတွက်ထိုင်းကွင်းလယ်မှာဘောလုံးပေးပို ့မှု

Passing တွေများများတွေ့မြင်ခဲ့ရပါတယ်။

သောင်ဂလို၊သစ်ဖန်း၊ဆလာဝက်တို့ရဲ့ကွင်းလယ်ဟာ

ကင်ညာအလယ်တန်းကိုလုံးဝစိုးမိုးထားခဲ့ပါတယ်။

အပိုင်ဂိုးသွင်းခွင့်များစွာရရှိခဲ့ပြီးရှေ့တန်းက

သွန်ဆန်ကရိုင်း၊တီရာဆေးတို့လွှဲချော်နေခဲ့ကြတာကြောင့်

ထိုင်းတို့ဂိုးများများမရခဲ့တာပါ။ထိုင်းအသင်းအတွက်အနိုင်ဂိုးကို

တော့အပိုင်ဂိုးသွင်းခွင့်တွေလွှဲချော်နေခဲ့တဲ့ဒန်ဒါ

ဒုတိယပိုင်းမိနစ်60ကျော်မှာပိတ်သွင်းရယူခဲ့တာပါ။

ဂိုးပေးလိုက်ရတဲ့ကင်ညာဟာထိုင်းဘက်ကိုချေပဂိုး

ပြန်သွင်းဖို့ကြိုးစားခဲ့ပေမယ့်နာရုဘိုင်ဒင်၊ဘီဟာတို့ရဲ့ထိုင်းနောက်တန်းကအကောင်းဆုံးထိန်း

ချုပ်ကစားပြီးအနိုင်ရလဒ်ကိုရယူသွားခဲ့ပါတယ်။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။