ဒီအဖြစ်အပျက်လေးကတော့ မန္တလေးမြို့မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။မိန်းကတော့ဟာ မောင်းလာသော ဆိုင် ကယ်ဆီပြတ်၍ တစ်ဦးတည်းဓာတ်ဆီဆိုင်ရှာနေသောအခါတွင် ယခုလိုဖြစ်ပျက်ခဲ့တယ်လို့သိရပါတယ်။ထိုအမျိုးသမီးကို ရဲဟန်ဆောင်ပြီး ဖမ်းဆီး ခေါ် ဆောင်ကာ လက်ထိတ်ခတ်၍ သားမယားပြုကျင့်ခဲ့သူကို ပုဒ်မ သုံးခုဖြင့် အရေးယူထားကြောင်းသိရှိရပါတယ်။

ကျူးလွန်သူသည် အမျိုးသမီးကို လက်ထိတ် ခတ်ကာ ရဲစခန်းရောက်မှသာဖြေ ရှင်းမည်ဟု ပြောဆိုခေါ်ဆောင် ခဲ့ကြောင်း အမရပူရမြို့နယ် ရဲ တပ်ဖွဲ့စခန်းမှ ဒုရဲမှူးမိုးသူရိန်က ပြောကြားခဲ့ပါတယ်။‘‘ဘာအပြစ်ရှိလို့လဲ’’ ဟု မေး ရာ အမျိုးသားနှစ်ဦးက ‘‘လျှာမရှည်နဲ့ စခန်းရောက်မှ ရှင်းမယ်’’ ဟု ပြောဆိုကာ မဟာအောင်မြေမြို့မ ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ပြီး အမရပူရမြို့ နယ် ရွှေကြက်ယက်ရွာအနီး ဝါး ရုံတော၌ လက်ထိတ်ခတ်လျက် သားမယား နှစ်ကြိမ်ပြုကျင့်ခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပါတယ်။

သားမယားပြုကျင့်ခံရသည့် အမျိုးသမီးသည် ခင်ပွန်းထံသို့ ဆက်သွယ်၍ ခင်ပွန်းနှင့်အတူ မဟာအောင်မြေမြို့မ ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ကြောင်း၊ ရဲစခန်းက အမှုကို အမရပူရမြို့မ ရဲစခန်းသို့ သွားရောက်တိုင်ကြား ရန် လမ်းညွှန်သဖြင့် ကာယကံရှင် ကိုယ်တိုင် ပြစ်မှုကျူးလွန်သူကို လိုက်လံရှာဖွေနေသောကြောင့် စက်တင်ဘာ ၃၀ ရက်မှသာ ရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ကြောင်း ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။

သတင်းအရင်းအမြစ်-7day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။