စိုင်းစိုင်းခမ်းလှိုင်ကတော့ ပရိသတ်သိရှိပြီးသားအတိုင်း အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ပေါ့။စိုင်းစိုင်းခမ်းလှိုင်ကို အမြဲအားပေးနေတဲ့ နှုတ်ခမ်းနီမလေးတွေကတော့ အစဉ်ထာဝရအားပေးနေဆဲလို့မြင်ပါတယ်။ုဒီနေ့ဟာဆိုရင်ဖြင့် စိုင်းစိုင်းခမ်းလှိုင်ရဲ့ Sexy And Intelligent နှုတ်ခမ်းနီ စတင်ဖြန့်ချိတာ တစ်နှစ်တင်းတင်းပြည့်တဲ့နေ့လို့သိရပါတယ်။

ဒါကြောင့်ဒီပွဲလေးကို ပြုလုပ်ဖို့အတွက် သူချစ်တဲ့ ပရိသတ်တွေကို အဆင်ပြေမယ့်နေရာလေးမေးလိုက်တာဖြစ်ပါတယ်။စိုင်းစိုင်းခမ်းလှိုင်ရဲ့ လူမှုကွန်ယက်ပေါ်မှာတော့ "Sexy And Intelligent နှုတ်ခမ်းနီ စတင်ဖြန့်ချိတာ တစ်နှစ်တင်းတင်းပြည့်တဲ့နေ့ပါSAI Cosmetix အလှကုန်တွေကို တခဲနက် အားပေးခဲ့ကြတဲ့ ပရိသတ်များရဲ့ ကျေးဇူးတွေကို အောက်မေ့ရင်း မနှစ်ကဓာတ်ပုံတွေပြန်ကြည့်နေရတာ အရသာပါပဲပျော်ဖို့လည်းကောင်းတယ် စိတ်လှုပ်ရှားဖို့လည်းကောင်းတယ် 

ကျနော်တို့ တစ်နှစ်ပြည့် အမှတ်တရပွဲလေးလုပ်ချင်ပါတယ်

တစ်နှစ်ပြည့် အမှတ်တရ နှုတ်ခမ်းနီ အကြောင်းပြပြီး မဆုံဖြစ်ကြတာ ကြာပြီဖြစ်တဲ့ Fan Meeting ပွဲလေးလုပ်ကြတာပေါ့

ဘယ်နေရာ ကောင်းမလဲ

အရင်လိုပဲ Junction Square က အဆင်အပြေဆုံးထင်ပါတယ်

ဘယ်နေ့လုပ်ရင် ကောင်းမလဲ

ပရိသတ် အယောက် (၁၀၀) လုံးရဲ့အဖြေက ??လို့ရေးသားထားတာကိုပရိသတ်တွေအတွက် တင်ပြလိုက်ပြီး စိုင်းစိုင်းပရိသတ်တွေအနေနဲ့လည်း စဉ်းစားပြီးစာသားလေးတွေရေးသားခဲ့ဖို့ ပြောပရစေ............................

သတင်းအရင်းအမြစ်-စိုင်းစိုင်းခမ်းလှိုင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။