မထက်ကတော့ ပရိသတ်တွေသိရှိမယ်လို့ထင်ပါတယ်။မြန်မာနိုင်ငံမှာ အောင်မြင်ကျော်ကြားတဲ့မိတ်ကပ်ပညာရှင်တစ်ယောက်ဆိုလည်းမမှားပါဘူး။အနုပညာရှင်တွေကိုလှပဖို့အတွက် သူမရဲ့အတက်ပညာနဲ့ ဖန်တီးပေးခဲ့သူဆိုလည်းအမှန်ပါ။ဒီတစ်ခါမှာတော့ မထက်ရဲ့လူမှုကွန်ယက်အပေါ်မှာ တင်ထားတဲ့ဓာတ်ပုံအပေါ်မှာ သူမရဲ့ခံစားချက်စာသားလေးကိုပရိသတ်တွေအတွက် တင်ပြလိုက်ရပါတယ်။

မထက်ရဲ့ လူမှုကွန်ယက်အပေါ်မှာ"ဟုတ်ကဲ့ ရှင့်....အားရအောင်ဆဲကြပါရှင့်...ဟီးဟီးပုံတင်ရင် ဒီလိုဖြစ်မယ် ပြောမယ် ဆဲမယ် ကဲ့ရဲမယ်မှန်း ကြိုလည်းသိတယ်...မလှဘူးပြောလည်း စိတ်မဆိုးဘူးမဲတယ် ဂျွတ်တက်နေတယ်ပြောလည်း စိတ်မဆိုးဘူးသဘောရှိ အားရပါးသာ ပြောပေတော့....

ကိုယ်ဘယ်လိုဘယ်ပုံဆိုတာ လူတိုင်းကိုလိုက်ရှင်းပြစရာမလိုသလို လူတိုင်းသိဖို့လည်းမလိုဘူးလေ....ကိုယ်လည်း သူတပါးဆို ရုတ်တရက်ဆို..ပြောဖြစ်တတ်တာဘဲကိုယ့်ပြောလည်း ဘယ်လိုမှမနေပါဘူး.....

ကျန်သေးတယ် နဖူးက လေယာဉ်ကွင်းပါဆောက်လို့ရတယ်နော် ဟီးဟီး??"လို့ရေးသားထားပါတယ်။အနုပညာအကြည့်လေးနဲ့ကြည့်ပေးဖို့တိုက်တွန်းပရစေဗျ ဘဝမှာကိုယ့်ဝါသနာလေးကို ကိုယ့်ဖန်တီးနိုင်ဖို့အတွက် နည်းမျိုးစုံကိုအသုံးပြုကြရတယ်ဆိုတာတော့ ပြောခဲ့ပရစေ ကျေးဇူးတင်ပါတယ်...........

သတင်းအရင်းအမြစ်-မထက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။