မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်မှာ ချက်အသင်းက ဆန်မာရီနို အသင်းကို ၅ ဂိုး ဝ ဂိုးနဲ့ ဂိုးပြတ်သွင်းယူခဲ့ပြီး အနိုင်ရရှိခဲ့ပါတယ်။နိုင်ပွဲမရရှိသေးတဲ့ ဆမ်မာရီနိုအသင်းအနေနဲ့ အုပ်စုအတွင်း အိမ်ဖြည့်အသင်းအဖြစ်သာ ဝင်ရောက်ကစားခဲ့ကာ ပေးဂိုး ၄၉ ဂိုးထိ ရှိခဲ့တာလည်းဖြစ်ပါတယ်။ချက်အသင်းကတော့ အဆင့် ၃ နေရာနဲ့သာ ကျေနပ်ခဲ့ရတာလည်းဖြစ်ပါတယ်။

ချက်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဘာရက်၊ ကာမန်နစ်၊ ကိုပစ်၊ ဂျန့်တို၊ ဒေါ့ကယ်၊ ဒါရီဒါ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဆမ်မာရီနိုအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဘာနန်ဒီ၊ ဘာရက်ဒီ၊ ရီနန်ဒီ၊ တိုစီ၊ ဘတ်တစ်စတီနီ၊ ဘီရိုလီ တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ချက်အသင်းကတော့ ဂိုးပေါက်ချိန်းခြောက်မှု ၃၃ ကြိမ်မှာ ၅ ဂိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ချက်အသင်းရဲ့ အဖွင့်ဂိုးကိုတော့ ကာမန်နစ်က ပွဲစလို့ ၈ မိနစ်မှာပဲသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။၂၃ မိနစ်မှာတော့ ကာမန်နစ်က ပဲ ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။နောက်၄ မိနစ်အကြာမှာပဲ ကိုပစ်က တတိယမြောက်ဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၇၁ မိနစ်မှာတော့ နိုဗက် က လေးဂိုးမြောက်ဂိုးကို သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။နောက်ဆုံးဂိုးကိုတော့ ကတ်ဒလက် က ၈၃ မိနစ်မှာ သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။