သီတင်းကျွတ်ချိန်ခါမှာ ကောင်းမှုကုသိုလ်တော်များ ပြုလုပ်လေ့ရှိကြရာ မင်းသမီးချောလေး ဝင့်ယမုံလှိုင်ကလည်း ဘုရားမှာ ဆီးမီးတစ်ထောင် ပူဇော်ခဲ့တယ်လို့ သိရပါတယ်။ သူမ အနေနဲ့ မမျှော်လင့်ဘဲ ဘုရားမှာ ဆီမီးတစ်ထောင် ပူဇော်ဖြစ်ခဲ့တာ ဖြစ်ပြီး ပီတိအပြည့်နဲ့ ကြည်နူးရတယ်လို့ ဆိုပါတယ်။ အရမ်းလုပ်ချင်တဲ့ အရာတစ်ခုကို မမျှော်လင့်ပဲ လုပ်ခွင့်ရလိုက်တဲ့အတွက် အရမ်းပျော်ရွှင်ရပြီး စိတ်ဆန္ဒပြည့်ဝသွားတယ်လို့ မင်းသမီးချောလေး ဝင့်ယမုံလှိုင်က ပြောထားပါတယ်။

"ဆီမီးတစ်ထောင်ပူဇော်ချင်ပေမယ့် ဪ ဒီတစ်နှစ်တော့အဆင်မပြေလောက်ဘူးထင်ခဲ့တာ ........

ဟိုလူ့မေး ဒီလူ့မေးနဲ့ ဒီလိုအခါကြီးရက်ကြီးမျိုးဆို ကြိုစီစဉ်မှပိုအဆင်ပြေတယ် ပြောကြတော့

အချိန်အရမ်းကပ်နေတဲ့အတွက် အရမ်းစိတ်အားထက်သန်နေပေမယ့် စိတ်ကောလက်ကောလျော့ထားတာ ........

ဒါပေမယ့် ဒီနေ့ညနေရုပ်ရှင်ကြည့်ပြီးအပြန် အလှူရှိတဲ့ဆိုပြီးအတင်းခေါ်လို့ ဘုမသိဘမသိပါသွားတာ .......

ဘုရားရောက်တော့မှ ဆီမီးရောင်စုံလေးတွေလှူဖို့တန်းစီးထားပြီး လူတွေအများကြီး ဝိုင်းကူညီပြင်ဆင်ထားတဲ့

ကျွန်မအတွက်လှူပေးသော ဆီမီးတစ်ထောင်အလှူမှန်း သိလိုက်ရသောအခါ ....... ❤️❤️❤️❤️❤️

ပီတိအပြည့်နဲ့ကြည်နူးရပါတယ် .......

အရမ်းလုပ်ချင်တဲ့ အရာတစ်ခုလုပ်လိုက်ရတဲ့အတွက် စိတ်ဆန္ဒလည်းပြည့်ဝသွားတယ် ......

အချိန်တိုအတွင်းစေတနာအပြည့်နဲ့ မဖြစ်ဖြစ်အောင်စီစဉ်ပေးတဲ့အတွက်လည်း

အရမ်းလည်းပျော်တယ် ကျေးဇူးလည်းတင်ပါတယ်ရှင့် ........

အားလုံးလည်း ပျော်စရာသီတင်းကျွတ် အခါသမယမှာ ကောင်းမှုကုသိုလ်တွေနဲ့

ပျော်ရွှင်ကြည်နူးစွာဖြတ်သန်းနိုင်ကြပါစေလို့ ဆန္ဒပြုပါရစေရှင့် ............... ????" လို့

မင်းသမီးချောလေး ဝင့်ယမုံလှိုင်က သူမရဲ့ fb စာမျက်နှာမှာ ပြောထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။