WWE ဟာ ယခင် UFC ကြယ်ပွင့် Ronda Rousey ကို စာချုပ်ချုပ်ဆိုရန်စိတ်ဝင်စားနေတယ်လို့ Triple H က Sky Sports ကို ပြောကြားလိုက်ပါတယ်။ Rousey ဟာ ဒီဇင်ဘာလ ၂၀၁၆ မှာကျင်းပတဲ့ UFC207 ပြိုင်ပွဲ မှာ ကစားခဲ့ပြီးနောက် ပရိသတ်မြင်ကွင်းကနေပျောက်ကွယ်နေခဲ့ပါတယ်။

အသက် ၃၀ နှစ်ရှိပြီဖြစ်တဲ့ Rousey ကို WWE အမှုဆောင်ဒုဥက္ကဌ ဖြစ်တဲ့ Triple H က သူမကို လာရောက်ကစားဖို့ အလိုရှိနေတာလည်းဖြစ်ပါတယ်။ သူမဟာ ၂၀၁၅ ခုနှစ်တုန်းက The Rock နဲ့ အတူ တွဲဖက်ကစားဖူးခဲ့ပါတယ်။

Triple H က “ Ronda ဟာ WWE ရဲ့ အမာခံ ပရိသတ်တစ်ယောက်ဖြစ်ပြီး သူမရဲ့ ကစားသမားဘဝတစ်လျှောက်မှာ လည်း ဘာကိုမှ ဖုံးကွယ်မထားခဲ့ဘဲ ရိုးရှင်းစွာ ကစားခဲ့တဲ့သူတစ်ယောက်ဖြစ်တယ်” လို့ Sky Sports News ကိုပြောကြားခဲ့ပါတယ်။ Triple H က ဆက်လက်ပြီး “သူမ စာချုပ်ချုပ်ဆို ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာကိုတော့ ကျွန်တော် အရမ်းပဲ စိတ်လှုပ်ရှားနေပါတယ်” လို့ပြောကြားခဲ့ပါတယ်။

source - sky sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။