မုန်လာပင်၏ အရွက်၊ ဥနှင့် အမြစ်တို့ကို ဟင်းလျာအဖြစ် ချက်ပြုတ် စားသောက်လေ့ ရှိပါတယ်။ မုန်လာဥဖြူပင်မှ အရွက်နှင့် ဥများကို အရည်သောက် အချဉ်ဟင်း၊ ဟင်းချို၊ ကြော်ချက်၊ အသုပ် … စသည်ဖြင့် အမျိုးမျိုး လုပ်စားလေ့ ရှိတဲ့အပြင် အသား၊ ငါး၊ ကြက်ဥတို့နှင့်လည်း ရောဖက်၍ စားကြပါတယ်။ မုန်လာပင်ကို ဟင်းချက်စရာ တစ်ခုအပြင် ကျန်းမာရေး အထောက်အကူ ဟင်းရွက်အဖြစ်ပါ အသုံးဝင်ပုံကို ဖော်ပြပေးလိုက်ပါတယ်။  

(၁) မီးယပ်ရောဂါ ခံစားနေရသူများ သင့်တော်ပါတယ်။

(၂) အသည်း ကျန်းမာရေးအတွက် အထောက်အကူ ပေးပါတယ်။

(၃) ခံတွင်းပျက်နေသူများအတွက် ကောင်းမွန်ပါတယ်။

(၄) သည်းခြေအိတ် ကျောက်တည်သူများ၊ ကျောက်ကပ် ရောင်သူများ အတွက် သက်သာစေပါတယ်။

(၅) ဆီးလမ်းကြောင်း ကျောက်တည် သူများ၊ ဆီးချုပ်၊ ဆီးအောင့် နေသူများလည်း စားသုံးသင့်ပါတယ်။

(၆) မျက်စိအမြင် အားနည်း သူများအတွက် ကောင်းမွန်ပါတယ်။

(၇) အဖျဉ်းရောဂါ၊ အဖောရောဂါ ကို သက်သာ ပျောက်ကင်းစေပတယ်။

(၈) ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ပြေလျော့စေပါတယ်

မုန်လာပင်ဖြင့် ကုသနိုင်သည့် နည်းလမ်းများ

မုန်လာဥ သတ္တုရည် ဟင်းစားဇွန်း သုံးဇွန်းကို သောက်ပေးခြင်းဖြင့် ဆီးကျန်၍ ပူခြင်း၊ နာခြင်းများကို သက်သာ စေပါတယ်။

အသည်းတွင် ဖြစ်သော ရောဂါများနှင့် အသည်းရောင် အသားဝါ ရောဂါကို မုန်လာဥ ပါးပါးလှီး၍ သကြားနှင့် ဆတူ စားပေးရပါမယ်။

ဆီးအိမ်နှင့် ဆီးလမ်းကြောင်း ကျောက်တည် ရောဂအတွက် မုန်လာဥ သတ္တုရည် အကြမ်းပန်းကန် တစ်လုံးစာကို နေ့စဉ် သောက်ပေးပါက ဆီးအိမ် အတွင်းရှိ ကျောက်များကို တဖြည်းဖြည်း ကြေမွ၍ ကျဆင်းစေပါတယ်။

မီးယပ်ထိမ်ခြင်း၊ မီးယပ်ချုပ်ခြင်း စသော ရောဂါများ၌ မုန်လာစေ့မှုန့် နှစ်ပဲသားကို ရေနွေးနှင့် သောက်ပေးပါက ဥတုသွေးများ စင်ကြယ်စွာ သက်ဆင်းစေပါတယ်။

မုန်လာဥဖြူနှင့် မုန်လာဥနီ နှစ်မျိုးစလုံးကို အသည်း ဆေးများနှင့် တွဲဖက်၍ လည်းကောင်း၊ ဓာတ်စာ အနေဖြင့် လည်းကောင်း စားသုံးပေးမယ်ဆိုရင် ရောဂါ သက်သာမှု ပိုပြီး မြန်ဆန်စေပါတယ်။ 

ခန္ဓာကိုယ် အတွင်းရှိ အဆိပ် အတောက်များ ပြေလျော့စေရန် မုန်လာဥဖြူ နှင့် အရွက်ကို ဟင်းလျာ အဖြစ် ရက်သတ္တပတ်လျှင် တစ်ကြိမ်မှ နှစ်ကြိမ် အထိ ချက်ပြုတ် စားသုံးပေးရပါမယ်။ အစားမှားခြင်းဖြစ်စေ၊ ဆေးမှားခြင်း ဖြစ်စေ၊ အစာ အဆိပ်သင့် ပါက မုန်လာဥ သတ္တုရည်ကို ဆတူရောစပ် တိုက်ပေးရပါမယ်။ ထိုအခါ ပျို့အန်ပြီး ဝမ်းတွင်းရှိ အစာများနှင့် အဆိပ်များ ထွက်ကျသွားမှာပဲ ဖြစ်ပါတယ်။

နေ့စဉ် ချက်ပြုတ် စားသောက် နေသော အစာအာဟာရတွင် အပါအဝင် ဖြစ်တဲ့ မုန်လာဥနှင့် အရွက်ကို ကျန်းမာရေးအတွက်လည်း အသုံးပြုနိုင်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာပျော်ရွှင်သော နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေ … <3 <3 <3

သတင်းအရင်းအမြစ် - ဦးကျော်စိန်(မိုးကုတ်)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။