အောက်တိုဘာလ (၈) ရက်နေ့က ပြုလုပ်ခဲ့တဲ့ "D&C Myanmar"၏ ဒုတိယမြောက် ဆိုင်ခွဲသစ်ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ ၊ တော်ဝင်စင်တာ ၊ ပထမထပ်တွင် ဖွင့်လှစ်ခဲ့ပါတယ်။ ဆိုင်ဖွင့်ပွဲ သို့တက်ရောက်လာသော အနုပညာရှင်များထဲမှ ရိုးရိုးရှင်းရှင်း ဖက်ရှင်လေးနဲ့ အရမ်းလှနေတဲ့ မိုးဟေကို ရဲ့ အလှပုံရိပ်လေးတွေ တွေမြင်ရတာဖြစ်ပါတယ်။

အကျီ ၤလက်ပြတ်လေး နဲ့စကပ် အနက်ရောင်လေး က လိုက်ဖက်တဲ့ဖက်ရှင်လေး တစ်စုံဖြစ်စေခဲ့ပြီးသူမရဲ့ အလှကိုပိုမိုပေါ်လွင်စေခဲ့ပါတယ်။သူမ ပရိတ်သတ်များကလဲ သူမရဲ့ ပုံလေးတွေကို သဘောကျ နှစ်သက်ပြီး အသဲတွေ ပေးနေကြပါတယ်။

အနုပညာလောကထဲသို့ ဝင်ရောက်စဉ်အချိန်မှ ယနေ့ထိ ပရိသတ်ချစ်ခင်နှစ်သက် အားပေးမှုကို ရရှိခဲ့သော သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ယခုအချိန်မှာတော့ အနုပညာလှုပ်ရှားမှုတွေနည်းနေပြီး စီးပွားရေးဘက်ကိုပိုမိုလုပ်ဆောင်နေပါတယ်။ လက်ရှိမှာတော့ Moe Fabric House ဆိုတဲ့ Fashion ဆိုင်လေးနဲ့ သူမရဲ့ နေရက်တွေကိုဖြတ်းသန်းနေပါတယ်။

Photo Credit - Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။