သာမာန်ထမင်းချက်နည်းတွေထက် ပိုမိုကောင်းမွန်တဲ့၊ပိုမိုအရသာရှိတဲ့ ထမင်းချက်နည်းလေးကိုဖော်ပြလိုက်ပါတယ်။လူတိုင်းအဆီအနှစ်နဲ့ပြည့်စုံတဲ့ ထမင်းကိုစားချင်ကြမှာပါ။ဒါကြောင့်ထမင်းချက်နည်း (၉) မျိုးကိုနဲ့သူ့ရဲ့သက်ရောက်တဲ့ ကောင်းကျိုးတွေကိုဖော်ပြပေးလိုက်ပါတယ်။

အိမ်ရှင်မ/ထီး များ အတွက် ထမင်းချက်ရာတွင် အရသာသာ မက ကျန်းမာရေး အဟာရဓါတ်တွေပါ မဆုံးရှုံး စေမည့် နည်းလမ်းလဲ လွယ်ကူစေမည့် ထမင်းချက်ခြင်း ၏ လျှို့ဝှက်ချက်များကို စုစည်း ဖော်ပြ ပေးလိုက်ပါသည်။  

၁။ရှာလကာရည်

*****************

ထမင်းချက်ရာတွင် ရှာလကာရည် တစ်စက် နှစ်စက် ထည့်ပေးရုံဖြင့် ထမင်းရဲ့ အနံ့အရသာကို ပိုမိုထင်ပေါ် မွှေးပျံ့စေသည့် အပြင် ရာသီဥတုအလွန်ပူပြင်း၍ ထမင်းသိုးခြင်း ကို ကာကွယ် ပေးနိုင်ပါတယ်။

၂။ဘီယာ

***********

ဆန်ဟောင်းများ အထားကြာသွားပြီး ချက်ပြုတ်ရာမှာ အနံ့ အရသာက ဆန်သစ်လောက် မကောင်းတဲ့ အချိန်မှာ စိတ်ပူစရာ မလိုပါဘူး။ ဆန်ဟောင်း ချက်ချိန်မှာ ဘီယာ အနည်းငယ်သာ ထည့်ပေးလိုက်ပါ။ ပေါ်ဆန်းမွှေး ပမာ မွှေးပျံ့တဲ့ ထမင်းကို ရရှိမှာ ဖြစ်ပါတယ်။

၃။မြေပဲဆီ

************

ထမင်းချက်ရာမှာ ဆားအနည်းငယ်နဲ့ မြေပဲဆီ အနည်းငယ် ထည့်ပြီး မွှေပေးလိုက်ပါ။ ဆန်ဖွာခြင်း မရှိပဲ ခံတွင်းကို တွေ့စေမဲ့ ထမင်း ရရှိမှာပါ။

၄။ဆား

**********

လက်ကျန်ထမင်းကို ပြန်နွေးရာတွင် ဆားအနည်းငယ် ထည့်ပေးခြင်း အားဖြင့် အနံ့ဆိုးများကို ပျောက်စေမည့် အပြင် ထမင်းကိုလည်း နူးညံ့စေမှာ ဖြစ်ပါတယ်။

၅။ဆန်အရက်၊ အရက်ဖြူ

*************************

ထမင်းကြော်ရာတွင် အရက် သုံးလေးစက် အနည်းငယ် ထည့်ကြော်ပေးပါက နတ်သုဒ္ဓါပမာ ထမင်းအရသာကို ရရှိစေမှာ ဖြစ်ပါတယ်။ အကယ်၍ ထမင်းကျက်တဝက် မကျက်တဝက် အခြေနေမျိုးနဲ့ တွေ့ကြုံနေပါက ဆန်အရက် ဇွန်း ၂ ဇွန်းစာ ထည့်ပြီး နွေးပေးခြင်းဖြင့် ထမင်းကို လုံးဝ ကျက်စေမှာ ဖြစ်ပါတယ်။

၆။ရေကျက်အေး

******************

ထမင်းချက်ရာတွင် ရေကျက်အေးဖြင့် ချက်ပေးပါက ဆန်မှာပါဝင်တဲ့ ဗီတာမင် B1 ဓါတ်ကို အပြည့်အဝ ရရှိစေမှာ ဖြစ်ပါတယ်။

၇။ကြက်သွန်မြိတ်

*******************

ထမင်းတူးသွားပါက ထမင်းကြားထဲကို ကြက်သွန်မြိတ် တစ်ပင်ကို ထည့်ပြီး ခဏဖုံးအုပ် ထားပေးလိုက်ပါ။ တူးနံ့များ ယူပစ်သလို ပျောက်သွား စေမှာဖြစ်ပါတယ်။

၈။လက်ဖက်ရည်ကြမ်း

**********************

ရေနွေးကြမ်းကို ထမင်းချက်ရာမှာ ထည့်ပြီး သာမာန်အတိုင်း ထမင်းချက်ပါ။ ရရှိလာတဲ့ ထမင်းက အနံ့အရသာကို ပြည့်စုံစေယုံသာမက အဟာရလည်း အလွန် ဖြစ်စေပါတယ်။

၉။သံလွင်ဆီ

*************

ထမင်းချက်ရာတွင် သံလွင်ဆီ အနည်းငယ် ထည့်ပေးပါက ဆန်ထဲရှိ သကြားဓါတ် တိုးမြင့်မှု့ကို ထိန်းချုပ် နိုင်စေသည့်အပြင် အစာအိမ်ကိုလည်း ဥပါဒ်မဖြစ်စေပါဘူး။ ဆီးချို သမားများ အတွက် အထူးသင့်တော်ပါတယ်။ 

သတင်းအရင်းအမြစ် - Han ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။