ရှေးမြန်မာမင်းများလက်ထက်ကတည်းကရှိခဲ့တဲ့ ဆံရစ်ဝိုင်းယဉ်ကျေးမှုဟာ ယခုထက်တိုင်အရိပ်အငွေ့လေးတွေကျန်ရှိနေပါသေးတယ်။

မိန်းမတို့ဘုန်းဆံထုံး ယောကျာ်းတို့ဘုန်းလက်ရုံးဆိုသလိုပဲ ရှေးယခင်မြန်မာအမျိုးသမီးများဟာ ဆံကေသာကိုလွန်စွာမှာဂရုတစိုက်အမြတ်တနိုးထိန်းသိမ်းခဲ့ကြပါတယ်။ ဆံပင်ကိုထိန်းသိမ်းရာမှာတရော်ကင်ပွန်ကိုသာအဓိကထားသုံးစွဲခဲ့ကြပါတယ်။ မည်းနက်ဖြောင့်စင်းနေတဲ့ဆံကေသာထူထူရှည်ရှည်လေးတွေက မြင်ရသူတို့ရဲ့စိတ်ကို ဖမ်းစားနိုင်စွမ်းရှိလှပါတယ်။

ကျေးလက်တောရွာလေးတွေမှာမြန်မာ့ဓလေ့ကိုထိန်းသိမ်းနေဆဲပင်ဖြစ်ပါတယ်။


မြန်မာ့ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ ဆံရစ်ဝိုင်းယဉ်ကျေးမှုဟာတော့ မြန်မာတို့ရဲ့ချစ်စရာကောင်းတဲ့ဓလေ့တစ်ခုပါပဲ။

အမျိုးသမီးငယ်လေးတွေဟာ ဆံပင်ကိုရှေ့အတိအတိုကလေးညှပ်ပြီး ဦးခေါင်းထက်မှာဆံထုံးသဖွယ်အထုံးကလေးတွေနဲ့အလွန်အမင်းချစ်စရာကောင်းနေပါတယ်။

ရိုးရှင်းတဲ့ဆံပင်ပုံစံလေးကပဲ ချစ်စရာအမြင်တစ်မျိုးနဲ့ နိုင်ငံတကာမှာအမြင်ဆန်းစေပါတယ်။

ယခုထက်တိုင်ဆံရစ်ဝိုင်းကလေးတွေနဲ့အမျိုးသမီးငယ်လေးတွေဟာကျေးလက်တောရွာလေးတွေမှာ မြန်မာ့ဓလေ့ကိုထိန်းသိမ်းနေဆဲပင်ဖြစ်ပါတယ်။

ခေတ်အဆက်ပြောင်းလဲလာတာနဲ့အမျှ ဆံပင်ထုံးဖွဲ့ပုံတွေဟာလဲ မတူကွဲဲပြားခြားနားလာပါတယ်။ ရှေးမြန်မာအမျိုးသမီးများသည/ ဆံပင်ကိုဘီးဆံပတ်ထုံးထားတတ်ကြပြီး ပွဲလမ်းများသွားလျှင်ဆံထုံးမြင့်မြင့်ထုံးတတ်ကြသည်။ ဆံရစ်ဝိုင်းဆံပင်ပုံစံကို ယောကျာ်းငယ်ငယ်လေးများမှာပင်လျှင်တွေ့ရတတ်သေးသည်။ သနပ်ခါးပါးကွက်ကြားကလေးနှင့် ဆံရစ်ဝိုင်းပိုင်ရှင်လေးများမှာ မြန်မာဓလေ့ကို ရောင်ပြန်ဟပ်စေသော ချစ်စရာအမူအရာပိုင်ရှင်လေးများပင်ဖြစ်သည်။

မည်မျှပင်ခေတ်ကြီးတိုးတက်ပြောင်းလဲစေကာမူ မြန်မာလူမျိုးတို့၏စိတ်ထဲတွင် မပြောင်းမလဲရှိနေသောအရာမှာ ရိုးရာယဉ်ကျေးမှုကိုမြတ်နိုးသောစိတ်ပင်ဖြစ်သည်။

ထို့ကြောင့်ပင်ဆံရစ်ဝိုင်းယဉ်ကျေးမှုမှာ ယနေ့ထက်တိုင်မပျောက်မပျက်ရှိနေဆဲပင်ဖြစ်သည်။

ဆံရစ်ဝိုင်းလေးများနှင့် လွန်စွာမှချစ်စဖွယ်ကောင်းသော ပုံရိပ်လေးများအား မြန်မာ့ရိုးရာယဉ်ကျေးမှုကို မြတ်နိုးသူများအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။