ပြီးခဲ့တဲ့အောက်တိုဘာ ၇ ရက် ညပိုင်းက ဂါနာနိုင်ငံမြို့တော် အာခါရာရှိ ဓာတ်ငွေ့သိုလှောင်စခန်းတစ်ခုမှာ ကြောက်မက်ဖွယ်ကြီးမားတဲ့ မီးလောင်ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ထိုဖြစ်ရပ်ကြောင့် အနည်းဆုံးလူပေါင်း ၇ ဦးသေဆုံးခဲ့ပြီး တစ်ရာကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်းသိရပါတယ်။

ထိုမီးလောင်ပေါက်ကွဲမှုတွေကြောင့် အနီးအနားရှိဒေသခံတွေဟာ နေအိမ်တွေကိုစွန့်ခွာပြီး ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြရတယ်လို့လည်းသီရှိရပါတယ်။ထိုမီးလောင်ပေါက်ကွဲမှုဟာ ညဘက်ကောင်းကင်ယံပေါ် ကြီးမားတဲ့မီးလုံးတွေတလိမ့်လိမ့် တက်နေတာကြောင့် အဝေးကနေတောင် လှမ်းမြင်ရတယ်လို့ သိရှိရပါတယ်

ထိုမီးလောင်ပေါက်ကွဲမှုဖြစ်စဉ်ဟာ မြို့တော်ဧရိယာ အတွင်းရှိ သဘာဝဓာတ်ငွေ့ရည်သိုလှောင်စခန်းတစ်ခုအတွင်း ဓာတ်ငွေ့တင် ထရပ်ကားတစ်စီး မီးလောင်ခဲ့ရာကနေတဆင့် ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။ထိုပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ပတ်သတ်လို့ ဂါနာ သမ္မတ နာနာအကူဖိုအက်ဒါ က များစွာဝမ်းနည်းထိခိုက်ရကြောင်း တွစ်တာကနေတဆင့် ထုတ်ပြန်သွားခဲ့တယ်လို့လည်းသိရှိရပါတယ်။ 

source - mizzima - news in burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။