သီဟစည်သူသတိထားရမယ့်ကာဂျစ်တိုက်စစ်မှူးဗစ်တာမိုင်ရာ

မြန်မာ့လက်ရွေးစင်အသင်းဟာမနက်ဖြန်ညနေ7နာရီမှာ

ကာဂျစ်လက်ရွေးစင်အသင်းကြီးနဲ့အာရှဖလားခြေစစ်ပွဲ

ကစားသွားမှာပါ။နှစ်သင်းစလုံးအတွက်အရေးကြီး

ပွဲစဉ်ဖြစ်တာကြောင့်ပြင်းထန်တဲ့တဲ့ပြိုင်ဆိုင်မှုတွေကိုတော့မနက်ဖြန်သုဝဏ္ဏကွင်းကြီးထဲမြင်တွေ့ရဖို ့ရှိနေပါတယ်။

ပဝါမကူရေမရှုစတမ်းပေါ့နော်။

မြန်မာအသင်းဟာကာဂျစ်နဲ့ပွဲအတွက်ရည်သန်ပြီး

ထိုင်းအသင်းနဲ့မန္တလေးမှာခြေစမ်းပွဲကစားခဲ့ပြီးပါပြီ။

အကောင်းဆုံးပြင်ဆင်ထားတယ်ဆိုပေမယ့်

ကာဂျစ်အသင်းကိုလည်းပေါ့ဆလို့မရပါဘူး။

ကာဂျစ်အသင်းမှာဗစ်တာမိုင်ရာတို့လို့တိုက်စစ်မှူးမျိုး

ပါဝင်လာခဲ့လို့ပါပဲ။မြန်မာနည်းပြဂတ်ကလည်းဗစ်တာကို

သတိထားရမယ်လို့Highlightလုပ်ပြီးပြောထားပါတယ်။

စ်တာမိုင်ရာဟာလက်ရှိဂျာမနီကလပ်အသင်းဖြစ်တဲ့SC Wiedenbruck မှာကစားနေတဲ့ကာဂျစ်တိုက်စစ်မှုးပါ။

ကာဂျစ်မှာမွေးခဲ့ပေမယ့်လည်းသူ့ဘဝတလျှောက်လုံး

ဂျာမနီမှာသာနေထိုင်ခဲ့သူပါ။ဂျာမနီဘောလုံးကလပ်တွေမှာ

ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက်အဖြစ်

ကစားနေတဲ့သူ့ကိုကာဂျစ်လက်ရွေးစင်အသင်းက2015ခုနှစ်မှာနိုင်ငံ့လက်ရွေးစင်အဖြစ်ရွေးချယ်ခဲ့ပါတယ်။

သူဟာကာဂျစ်အသင်းကိုကိုယ်စားပြုပြီးဘင်္ဂလားဒေ့ရှ်နဲ့သြစတေးလျအသင်းတွေကိုကမ္ဘာ့ဖလားခြေစစ်ပွဲမှာရင်ဆိုင်ခဲ့ပြီးပါပြီ။

အရပ်အမောင်းမြင့်မားပြီးဂိုးသွင်းခြေထက်မြက်လို့သီဟစည်သူ

တို့ဇော်မင်းထွန်းတို့မနက်ဖြန်ပွဲမှာအထူးသတိထားရမယ့်

သူပါပဲ။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။